Part -33

1.9K 24 0
                                    

[ အပိုင်း-၃၃ ]

"အစ်ကိုလေးရယ်ဖြစ်ပါ့မလားဗျာ
ကျွန်တော်‌တော့မျက်ခုံးတွေ လှုပ်နေပြီနော်"

အိုက်ပန့်တို့မှာ စံအိမ်က
ဆက်ရဲ့အခန်းဘက်က ၀ရံတာကို
လှေကားထောင်ပေးကာ
ကိုင်ပေးနေရသည့်အဖြစ်မို့ လူက
ဇောချွေးတောင် ပျံချင်ချင်ဖြစ်နေပေပြီ

"ဟျောင့် !! မင်းပါးစပ်လေးပိတ်ပြီးတော့
လှေခါးကိုသာသေချာကိုင်ထား အိုက်ပန့်"

အပေါ်ရောက်တော့မဲ့ဟာကို
ပွစိပွစိလုပ်နေတဲ့ အိုက်ပန့်အား
ဆက် အပေါ်မှ ပိတ်ဟောက်ပစ်လိုက်သည်။

"ဟာဗျာ အစ်ကိုလေးတို့ကတော့
ရောက်တာနဲ့ကို တန်းမွေတာ
မှတ်ပုံတင်လုပ်တုန်းကတည်းက
သူများတွေလို ၁/ မကတနိုင်တွေ
မကန နိုင်တွေမလုပ်ဘဲနဲ့
၁/သတိုးမင်းဆက် မမွေရမနေနိုင်လို့
လုပ်ထားခဲ့သင့်တာ"

"ပြောချင်ရာသာပြောတော့
ငါတော့လစ်ပြီ"

၀ရံတာပေါ် လွှားကနဲတက်သွားလိုက်တဲ့
အစ်ကိုလေးဆက်ရဲ့ရုပ်က
သေချာပါတယ်
အိုက်ပန့်တို့ပြောရဲတယ်
သွားတွေအအေးမပတ်ရင် ကံကောင်းပဲ
သူ့ပိစိနဲ့တွေ့ရင်တော့ သိတယ်မလား
ဘဲကြီးက ဖြီးနေတော့မှာလေ

အစ်ကိုလေးဆက် ဆိုသည်မှာ
တခြားသူတွေနဲ့ဆို တစ်လောကလုံး
သူ့လုပ်စာထိုင်စားနေရသလို တည်လို့ကြည်လို့

အမယ် ....
သူ့ပိစိနဲ့များတွေ့ကြည့်ပါလား
ပိစိက ဦးကိုမချစ်တော့ဘူးလား
ပိစိရေ ပိစိနဲ့ဖြစ်နေတော့တာ

ပြောရင် အိုက်ပန့်တို့လွန်ရာကျမယ်
မပြောချင်ဘူးနော် .... မပြောချင်ဘူး...

🍁🍁🍁🍁🍁

*ဘုတ်*

"ဟင်!! ဘာအသံပါလိမ့်"

ရာရာ တစ်ကိုယ်လုံး လိုးရှင်းလိမ်းပြီးလို့
မီးပိတ်ဖို့ပြင်တုန်းရှိသေးတယ်
အသံတစ်မျိုးမျိုးကြားလိုက်တာကြောင့်
လူက သတိကပ်လိုက်ပေသည်။
ထို့နောက်မီးမပိတ်တော့ဘဲ တစ်ခန်းလုံး
လိုက်စစ်ကြည့်လိုက်၏

ရာရာ ၀ရံတာဘက်က လိုက်ကာလေးနား
ရောက်သွားချိန်မှာတော့

"ဟာ့!! မိပြီကွ"

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now