Part -5

3.4K 59 0
                                    

[ အပိုင်း-၅ ]

"အားလားလား! သေပါပြီ"

"အော်! ခများလေးကပဲ
ပြောရတယ်ရှိသေး ...
အောက်က နေရတာဒီက ကျွန်တော်မျိုးကြီးပါနော်"

လေ၀င်ပေါက် မရှိအောင်
နီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခုကြောင့်
ဆက် မှာ ရင်ခုန်သံတွေဝုန်းဒိုင်းကျဲနေရသည်

"ဦး"

"ဗျာ"

"ဖယ်ပေးတော့လေ"

"ဟောဗျာ! အခု အပေါ်ကနေ
တက်ဖိထားတာက ဘယ်သူလဲပြော"

"ဟင်!

ရာရာအခုမှ သေချာကြည့်မိသည်
ရာ ကဦးရဲ့ အပေါ်မှာပဲဟာ

ရှက်လွန်း၍ ပါးမို့မို့လေးတွေပင်
ရဲတက်လာသော ပိစိကိုကြည့်ကာ
ဆက် စချင်စိတ်က ထိန်းချုပ်မရ

"ပိစိ"

"ရှင်"

"ဦး ဒီနေ့ထရအုံးမှာလား"

"အို! ဦးကလဲ"

အခုမှအရှက်လွန်ကာ ကုန်းရုန်းထနေတဲ့
သူမလေး ..
ရှက်တတ်လိုက်တာလဲ လွန်ရော
ခလေးပိစိရယ်

"အဟွန်း!"

သူမလေးကို ခုတင်ပေါ်မှာ
ထိုင်စေလိုက်ပြီး
ဆက် အပြင်ခနထွက်သွားလိုက်သည်
ပြီးကာမှ အခန်း၀မှာအသင့်ထားထားတဲ့
ပန်းစီးလေးကို ယူကာ အခန်းထဲပြန်၀င်ခဲ့၍

"ပိစိ"

"ရှင်"

ဦးကို မော့ကြည့်လိုက်တယ်ဆိုရင်ပဲ
ပန်းစည်းလေး တစ်စည်းကို
တွေ့လိုက်တာမို့

"ပန်းစည်းလေးကော လှလိုက်တာ"

"ပိစိအတွက်လေ"

"ဟင်! ဘာလို့ပေးတာလဲ ဦးက"

"မကြိုက်လို့လား ခလေးက"

"ဟင့်အင်း! ရာရာက
ပန်းတော်တော်များများကို သဘောကျပါတယ် ဒါက Plumeria ပန်း မဟုတ်လား"

"Omm ရှားပါးပန်းလို့လဲခေါ်တယ်"

"ဟုတ်တယ်! Plumeria ပန်းလေးရဲ့
အဓိပ္ပါယ်ဖွင့်ဆိုချက်က မင်းနဲ့တွေ့ခွင့်ရလို့
ကိုယ်ဟာ အရမ်းကိုကံကောင်းပါတယ်တဲ့
ရနံ့အေးအေးလေးမှာ မင်းရဲ့စိတ်တိုင်းမကျခြင်းတွေ လျော့ပါးသွားပါစေတဲ့လေ"

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now