Part -40 [ Final ]

6.3K 60 2
                                    

[ အပိုင်း-၄၀ (ဇာတ်သိမ်းပိုင်း)♥️]

ထိုအခိုက်အတန့်လေး၀ယ်
အရေးပေါ်လူနာတင်ကားသံ‌လေးဟာ
လမ်းမကြီးတစ်လျှောက်ပျံ့နှံ့သွားတော့၏

"ခလေးငယ် ခနလေးပဲစောင့်ပေးပါနော်
ခနလေးပါပဲ ဒီအချိန်အခိုက်တန့်လေးကိုသာ
ခလေး ကျော်လွှားပေးပါကွာ..."

အရေးပေါ်ကားသံလေးနဲ့အတူ
တစ်စုံတစ်ဦးရဲ့စိုးရိမ်မှုတွေဟာလဲ
အတိုင်းထက်အလွန်ပေါ့...

ပြည်မြန်မာ အထူးကုဆေးရုံကြီး

*အရေးပေါ်*

*အရေးပေါ်*

*အရေးပေါ်မွေးလူနာပါနော် operation
အတွက် အသင့်ပြင်ထားပေးကြပါ*

ထိုခနတာဟာဆေးရုံအတွင်း၀ယ်
ဆူညံပွက်လောရိုက်သွားတော့၏
သူမလေးကို အရေးပေါ်ခန်းထဲ
ထည့်ပြီးချိန်မှာတော့

"ဆက် အားတင်းထားပါကွာ"
အားလုံးအဆင်ပြေသွားမှာပါ"

သူရိန်ဟာ ဆက်ရဲ့ပုခုံးမှကိုင်ကာ
မျက်ရည်များကိုသုတ်ပေးနေရ၏

သီရိရဲ့မောင်လေးကို သွားကြည့်ပြီး
ဆေးရုံကပြန်ခါနီးမှာပဲ ဆက်ရဲ့မာမီ
တီမိုးထံမှဖုန်း၀င်ခဲ့တာမို့ သူရိန်ရော
သီရိပါ ဆက်တို့နောက်ချက်ချင်းလိုက်လာ
ခဲ့ကြခြင်းဖြစ်သည်။

အခြေအနေတွေကို ရိပ်စားမိတဲ့
နယ်ထိန်းရဲများက လူနာတင်ယာဉ်ပါ
တစ်ခါတည်းခေါ်ထားပေးခဲ့တာမို့
အခြေနေတွေဟာ
ထင်ထားသလောက်တော့မဆိုးရွားခဲ့

သို့ပေသိ ယခုအခြေအနေဟာ မိခင်နှင့်
ကလေး နှစ်ဦးလုံးအတွက် စိုးရိမ်နေရပေသည်။
အရေးပေါ်ခန်းရှေ့စရောက်ကတည်းက
တချက်မနားသေးပဲ
နှုတ်ကနေ တတွတ်တွတ်ရွတ်ဆိုနေတဲ့
ဆက်ကို မနေနိုင်သည့်သူရိန်က
လှမ်းမေးလိုက်၏

"ဆက် မင်းအခုဘာတွေရွတ်နေတာလဲ"

"အင်္ဂုလိမာလသုတ်"

"ဘယ်လို အခုကအဲဒါရွတ်နေရမယ့်
အချိန်မဟုတ်"

"ငါသိတယ် ... ငါသိတယ်လို့...."

ဆက် ဟာဘယ်လောက်ထိကြေကွဲနေမှန်း
အသံကသက်သေဖြစ်ပေသည်။
ကွဲအက်နေကာ အဖျားမှာတစ်ချက်ချက်
လှိုင်းရိုက်သွားတဲ့
ထိုအသံဟာ ကြားရသူရင်ကိုတောင်
ထိခိုက်ရှနာစေနိုင်သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 04, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ဦးရဲ့အချစ်ခံ မဟေသီလေးDonde viven las historias. Descúbrelo ahora