Part -28

2.4K 39 0
                                    

[ အပိုင်း-၂၈ ]

"အ့!! နာသွားပြီ"

"အဟက်!
Sorryပိစိ ဦးစိတ်ယားလွန်းလို့ ကိုက်မိသွားတာ"

"ဦးနော်"

တကယ်ပါပဲ ...
အဲ့ဦးဟာလေ လူကိုဆိုဘာများ
မှတ်နေလဲမသိဘူး သူစိတ်ယားတိုင်းလူကို
ကိုက်ကိုက်လွတ်နေတော့တာ

"ကဲ!! ခနနေကျရင်ဦးက ခလေးလေးကို
နိုးပေးမယ်နော် အခုတော့တစ်ရေးလောက်
အိပ်လိုက်အုံး"

"အတူတူပင်ပန်းတာပဲလေ ဦးကလဲ
ပင်ပန်းတာချင်းတူတူတောင်
ဦးကတစ်လမ်းလုံး ကားမောင်းလာရတာ
ဦးက ပိုပင်ပန်းတာပေါ့"

"ဦးကို ပင်ပန်းတာပျောက်စေချင်တယ်ဆိုရင်
ပိစိက ကလောရောက်မှအားဆေးကျွေး
အခုတော့ ခလေးကအရင်
အားရှိအောင်လုပ်ရမယ် အိပ်တော့"

"ဦးနော်"

ဒီလိုနဲ့ပဲ ဦးဟာသူ့ပိစိကို
ဘယ်လိုတွေသိမ်းသွင်းလိုက်သလဲ
မသိတော့ပါဘူး နောက်ဆုံးမှာတော့
ရာရာလေးဟာ ကားပေါ်မှာ
အိပ်ပျော်သွားရှာသတဲ့

ဆက် ကားမောင်းနေရင်း
နှစ်နာရီလောက်အကြာမှာ ဖုန်း၀င်လာခဲ့သည်။
ဖုန်းကိုကောက်ကိုင်ကာ
နားမှ Bluetooth နားကြပ်လေးကိုနှိပ်လိုက်တော့

"သူ‌ေ-တာင်းစား ဆက်"

"အားလားလား!! နားကိုပူထူသွားတာပဲ"

"ဟျောင့် ဆက် ဘာမပြောညာမပြောနဲ့
ငါ့ညီမ ရာရာလေးကို
မ ပြေးရသလားကွ"

"အဟား!
ငါ့ကိုအားကျနေပြီမလား သူရိန်ကောင်
ဒါနဲ့အခုက ဘာလုပ်ဖို့ ငါ့ကိုဖုန်းဆက်တာလဲ"

"သတင်းကြားကြားချင်းပဲ
ဖုန်းလှမ်းဆက်တာလေ
ဖုန်းများကိုင်ပါ့မလားလို့ စိတ်ပူနေတာ
တော်သေးတယ် ငါ့ကိုတော့သတိရသေးလို့"

"မင်းကိုတော့ ပြစ်ထားစရာလားကွ
ငါ့လုပ်ငန်းတွေကိုတော့ ဖြိုးခန့်နဲ့အတူ
မင်းပဲဆက်ပြီးထိန်းထားပေးအုံး သူရိန်ရေ
လောလောဆယ်တော့ မင်းကိုပဲ အားကိုးရအုံးမှာ"

"အေးပါ မင်းမွေလိုက်တာ
ငါ့မှာ ချီးတောင်ဖြောင့်အောင်မပါရဘူး"

"ဟျောင့်!
ပေါက်ကရတွေပြောမနေနဲ့
ငါ့ပိစိက အိပ်နေတာ
ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ် ဒါပဲ"

ဦးရဲ့အချစ်ခံ မဟေသီလေးDonde viven las historias. Descúbrelo ahora