Part -26

2.5K 34 0
                                    

[ အပိုင်း-၂၆ ]

"အဟက်!
နာသွားတာလား ပိစိ"

သူကိုက်လိုက်လို့ မျက်နှာလေးရှုံ့မဲ့လာတဲ့
ခလေးပိစိကို ဆက် လွှတ်ပေးလိုက်သည်။
နားပါစေ ဒီညတော့
ခလေးငယ် နားပါစေအုံး
ဘာပဲဖြစ်လာဖြစ်လာ ဒီတစ်ကြိမ်မှာတော့
မင်းကို ဦးရင်ခွင်ထဲကနေ ဘယ်ကိုမှထပ်ပြီး
ထွက်သွားခွင့်ပေးတော့မှာ မဟုတ်လို့
ရှေ့လျှောက်
ဦးအချစ်တွေကိုခံနိုင်အောင် အခုတော့
အနားယူလိုက်ပါအုံး ခလေးငယ်

"မနက်ဖြန် စပျစ်ခြံထဲကိုလာခဲ့
ဦး ပိစိကိုရှင်းပြစရာတွေအများရှိတယ် "

"မလာဘူး"

လုံး၀ ယတိပြတ်ကိုငြင်းတာပါလား
ခလေးငယ်ရယ်

"စောင့်နေမှာ!
ဦးကတော့ဘယ်လိုပဲဖြစ်ဖြစ်စောင့်နေမှာမို့လို့
ခလေးငယ်လာခဲ့ပေးပါ"

"................"

ဘာမှမပြောလာဘဲ ပေကပ်ကပ်
လုပ်နေပုံလေးက
ဆက်ကို စိတ်ယားစေတာမို့ ဆက်
ထိုနေရာမှပင် မထချင်တော့ပါ

"အဟက်!
ဦးသွားတော့မယ် ပိစိ
ကောင်းသောညပါ ခလေးငယ်"

"မွဟ်"

ဆက် ခလေးငယ်
နာဖူးပြင်လေးကို အနမ်းခြွေကာ
ဘန်ဂလိုလေးထဲမှ ထွက်လာခဲ့တော့သည်။

မရေရာ မသေချာမှုတွေ
များပြားလာတဲ့ ကာလကြီးမှာ
မင်းဟာ ကိုယ်ထပ်တလဲလဲ
သီဆိုချင်တဲ့ သီချင်းလေးပဲ
ထပ်ခါထပ်ခါ တွယ်ငြိချင်တဲ့ သက်ရှိလေးပဲ
ဒီကမ္ဘာမှာပေါ့... ဒီကမ္ဘာမှာပေါ့ကွယ်

🍁🍁🍁🍁🍁

"အင်း ငါအဆင်ပြေပါတယ်"

"................"

"ကိုစစ်လဲရှိနေတာမို့ ငါ့ကိုစိတ်မပူကြနဲ့နော်"

".............."

"အင်းပါ နင်တို့လဲဂရုစိုက်"

"............"

"တာ့တာ"

ရာရာဒီကိုရောက်တဲ့နေ့ကတည်းကနေ
အခုချိန်ထိတော့ ဖုန်းတဂွမ်ဂွမ်ခေါ်နေရတာ
မမောကြသေးတဲ့ပုံပင် ...
တကယ်ကို ပြောတဲ့အတိုင်းလုပ်ကြတဲ့
ချစ်မွှေးမလေးတွေပါ
ကိုစစ်‌ရော လိုက်မှာလို့ပြောလိုက်တော့မှ
တောင်ကြီးကိုတောင် လာဖို့ခွင့်ပြုပေးခဲ့ကြတာမဟုတ်လား

ဦးရဲ့အချစ်ခံ မဟေသီလေးDonde viven las historias. Descúbrelo ahora