Part -35

2.1K 20 0
                                    

[ အပိုင်း-၃၅ ]

"ပိစိအခုလိုလုပ်တာ
ဦး ဘယ်လောက်တောင်
လန့်သွားလဲ သိရဲ့လား "

ရာရာ့ ခေါင်းလေးကို ဖွဖွပွတ်ပေးကာ
ပြောလာတဲ့ဦးဟာ ရာရာ့စပရိုက်လေးကို
တော်တော်လန့်သွားတယ်ထင်ပါရဲ့
လန့်ရင်လဲ လန့်ချင်စရာပဲလေ ရာရာ့လုပ်ပုံက
မသိရင်အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတဲ့
ပုံစံမျိုး မဟုတ်လား...

"ဦးရယ် မငိုရဘူးလေနော်
ကလေးလဲမဟုတ်ပဲနဲ့
ငိုနေတယ်ကြည့်ပါအုံး"

ရာရာ ဦးရဲ့မျက်နှာချောချောကြီးကို
ငေးကာ မျက်ရည်သုတ်ပေးနေမိသည်။

"ရာ့ကို အဲ့ဒီလောက်တောင်ပဲ
စိတ်ပူရသလားလို့"

"ပူတာပေါ့ ပိစိရာ ဦးလေ
မင်းရဲ့ ပိန်ခြင်း ဝခြင်းကို
ဂရုမစိုက်ဘူးဒါပေမဲ့
နေကောင်းခြင်း မကောင်းခြင်းကိုတော့
စိတ်ပူတယ် မင်းသိရဲ့လားပိစိ
မင်းလေးသာ တစ်ခုခုဖြစ်ခဲ့လို့
ဦးအနားမရှိတော့ကြည့် ဦးသေသွားလိမ့်မယ်"

ဆက် ‌အဲ့ဒီလိုပြောလိုက်တော့
သူမလေးမျက်နှာဟာ ချက်ချင်း
ထိတ်လန့်သွားပြီး

"ဦး"

"ဗျာ!"

"နောက်ကို  'သေ' ဆိုတဲ့စကားလုံးကြီး
ဦးနှုတ်ဖျားကမထွက်ပါနဲ့"

"ဘာလို့"

"ဦးအဲ့ဒီလိုပြောရင် ရာရာ
ဟော့ဒီနေရာက နာတယ်"

ရင်ဘတ်လေးကို လက်ညိုးထိုးကာ
ပြောလာတဲ့သူမလေးကြောင့် ဆက်
ဆုံးဖြတ်လိုက်တော့သည် ။
သူမလေးမကြိုက်ရင် နောက်နောင်
ဘယ်အရာကိုမှ
သူထပ်မလုပ်တော့ဘူး ဆိုပြီးတော့ပေါ့

ဘဝမှာ အဖြစ်ချင်ဆုံးက
ချစ်ရတဲ့သူကို ပျော်ရွှင်စေချင်တာပါပဲ
ကိုယ်တိုင်က ပျော်စရာတွေ
ပါးလွှာ နေ‌‌ခဲ့ရင်တောင်
ကိုယ်တိုင် ဖန်တီးမပေးနိုင်ခဲ့ရင်တောင်
ချစ်ရတဲ့သူ ပျော်ရွှင်နေတာကိုပဲ
မြင်ချင်ကြတာမဟုတ်လား
ဒါဟာ မျှော်လင့်ချက်မဟုတ်ဘူး
အတ္တမဟုတ်ဘူး ဒီအတိုင်းလေး
ဒီတိုင်း ချစ်နေမိရုံလေးပါ

အဟမ်း!!

အဟမ်း!!

အဟွတ်!!

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now