Part -12

2.3K 38 0
                                    

[အပိုင်း -၁၂]

🍁🍁🍁🍁🍁

"သမီးနှောင်း ...
နောက်တစ်ခါလာရင်တော့
အကြာကြီး နေရမှာနော်"

"နေမှာပေါ့ တီမိုးရဲ့  ...
အခုကလဲ အရေးပေါ်ပွဲလေးတွေ
ပေါ်လာလို့ပါ အဲ့ဘက်အပိုင်းတွေဆို
၀န်ထမ်းမလေးတွေက မနိုင်တော့ဘူးရယ်
နှောင်းကိုယ်တိုင် ကိုင်တွယ်မှဖြစ်မှာမို့လို့ပါ
နှောင်းကလဲ မပြန်ချင်သေးပါဘူးနော်"

ရှင်နှောင်းငယ် ဆက်ရဲ့မွေးနေ့ကတည်းက
တောင်ကြီးကို ရောက်နေတာ
အခုဆိုရင် တစ်ပတ်ပင် ရှိသွားပြီဖြစ်၏။
အခုလဲ ဆိုင်မှာအရေးပေါ်ပွဲလေး
ပေါ်လာတာကြောင့် သူမရန်ကုန်သို့
ပြန်ရခြင်းပင်

"ညီမလေးလဲ ကျန်းမာ‌ရေးဂရုစိုက်နော်"

"ဟုတ် မနှောင်း"

"ရာလေး မေမေတို့ကို ဘာမှာအုံးမလဲ"

"မေကြီးတို့နဲ့က အမြဲဖုန်းပြောဖြစ်တယ်ဆိုတော့
ဘာမှမမှာတော့ပါဘူး ...
ပြီးတော့နောက်လဆို ရာရာလဲ
ရန်ကုန်ပြန်ရတော့မှာပဲလေ "

"ဟုတ်ပါပြီ ... အဲ့ဒါဆို မနှောင်းသွားပြီနော်"

"ဟုတ် မမ"

ပြန်မှာကို သိရဲ့နဲ့
လာတောင် နှုတ်မဆက်သော
ချစ်ရသူကြောင့် ကျချင်လုလု
မျက်ရည်များကိုထိန်းကာ သူမအား
လေဆိပ်သို့လိုက်ပို့မည့် ကားပေါ်သို့
ရှင်နှောင်းငယ် တက်လိုက်တော့သည်။

ရှင်နှောင်းကပဲ မမြင်နိုင်တာလား ...
မမြင်ချင်‌ယောင်ပဲ ဆောင်နိုင်လွန်းတာလား
သတိုးမင်းဆက်ဆိုတဲ့ ထိုလူသားဟာ
အခရာဆိုတဲ့ အမျိုးသမီးလေးအတွက်
ဆိုတာကိုပေါ့ ...
ဒါပေမဲ့အချစ်လေ ချစ်လွန်းတော့လဲ
ပိုင်ဆိုင်ချင်တာပေါ့

ရှင့်ကိုတစ်နေ့မှာ ...
နှောင်းရဲ့ပိုင်ဆိုင်မှုလေးအဖြစ်
ရအောင်ဖန်တီးမှာမို့ အဲ့အချိန်ကိုသာ
စောင့်နေပေးပါ သတိုးမင်းဆက်

🍁🍁🍁🍁🍁

"Omm အဲ့Projectကို အစကတည်းက
သဘောမကျလို့ ငါ Cancel လုပ်လိုက်တာ
မှန်သွားတာပဲ"

".............."

"အဟား သိပါတယ်ကွာ ...
မင်းကြည့်ကူ‌ပေးနေလို့လဲ ငါကဒီမှာအေးအေးဆေးဆေး ငါ့ကလေးနဲ့
အတူနေနိုင်တာပေါ့ကွ"

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now