Part -23

2.1K 31 0
                                    

[ အပိုင်း-၂၃ ]

"အ့"

ရာရာ့ အောက်နှုတ်ခမ်းလေးကို
သွားချွန်အစွယ်‌ လေးဖြင့်ကိုက်လိုက်တဲ့ဦးကို
ပြန်ပြီးရန်တွေ့ချင်ပေမဲ့ ရာ့နှုတ်ခမ်းဖူးလေးတွေဟာ အခုချိန်ထိ ဦးလက်အောက်မှ
လွတ်မြောက်မှုမရှိသေး

နှုတ်ခမ်းဖျားလေးတွေပင်
ကျင်တက်လာအောင် ဘယ်လိုအငြိုးတွေနဲ့များ
နှိပ်ဆက်နေသလဲ ဦးရယ်...

"အွန်း"

"ပျွတ်"

အရင်လိုပါပဲ
တကယ်ကိုအရင်အတိုင်းပဲ
ဆက် အတွက်ဘာတစ်ခုမှကို
ပြောင်းလဲသွားခြင်းမရှိတဲ့
ချိုမြိန်နေတဲ့ နှုတ်ခမ်းဖူးလေးတွေပါ

ဘယ်လောက်တောင်လွမ်းနေခဲ့တဲ့
အနမ်းလေးတွေလဲ ...
သိပ်သတိရနေခဲ့တာ
အမြဲတမ်းတနေခဲ့တာ တကယ်ပါ
ခလေးငယ်ရဲ့အရာရာတိုင်းဟာ
ဆက်အတွက်တော့ မြတ်နိုးဖွယ်ရာအတိ

"ဟင့်!"

ဆက် ပိစိလေးရဲ့မျက်နှာတစ်ပြင်လုံး
အနမ်းမိုးတွေရွာချနေရင်း ရှိုက်သံသဲ့သဲ့လေး
ကြားလိုက်ရတာကြောင့်

"ဟာ!! ပိစိ"

"ဘုတ်! ဘုတ်!"

ပိစိလေးဟာ ဆက် ရင်ဘတ်ကြီးကို
လက်သီးစုတ် သေးသေးဖြင့်ထုရင်း

"ဘာလို့လဲ! ဘာဖြစ်လို့ သူများကိုမချစ်ပဲနဲ့
နမ်းတာလဲ အီးဟီး...
ဘာလို့အဲ့လိုလာကစားနေရတာလဲလို့ ဟီး..."

"မဟုတ်ဘူးခလေးငယ်
ဦးရှင်းပြပါရစေ"

ဆက်မှာ သူ့ကိုအထင်လွဲနေတဲ့ပိစိကို
ရှင်းပြဖို့ ပြာပြာသလဲလဲချော့ရပြန်တော့သည်။

"နားမထောင်ချင်ဘူး"
ဘာမှလာမပြောနဲ့

"ခလေးငယ် အဲ့အချိန်တုန်းက
ရှင်နှောင်းငယ်ဆီက ဦးမဖြစ်မနေသိရမဲ့အကြောင်းအရာလေးတွေကြောင့်
ခလေးကို မချစ်ဖူးလို့ညာခဲ့တာပါကွာ"

"ဘာမှမကြားချင်ဘူးလို့ပြောနေတယ်လေ"

အချော့ခံရတဲ့ခလေးဟာ
ပိုပြီးငိုတတ်တယ်ဆိုသလိုပေါ့

ရာရာလဲ အစကဦးကိုမေ့နိုင်ပြီထင်ခဲ့ပေမဲ့
အခုလို လူကိုယ်တိုင်ကြီးပြန်တွေ့လိုက်ရတဲ့
အချိန်မှာတော့ ခံစားချက်ဟောင်းတွေဟာ
အသစ်တစ်ဖန် ပြန်ပေါ်လာခဲ့တာပါပဲ

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now