[ အပိုင်း-၁၅ ]
"ရာရာ နင် ရရဲ့လား"
"ဟင့်အင်း !! ငါ ငါ ဘာမှမဖြစ်ဖူး
သီရိ"မြက်ခင်းပြင်ပေါ် လဲကျနေတာကိုတောင်
ဘာမှမဖြစ်ပါဘူးဆိုပြီး
ညာနေတဲ့ သူငယ်ချင်းဖြစ်သူကြောင့်
ငုဝါ ၀င်ပြောတော့သည်။"ဘာကိုဘာမှမဖြစ်တာလဲ ရာရာ
ပြန်ကြမယ်လာ ... ထ""ခနလေး !! ခနလေးပါ
ဦး!! ရာ့ကိုစနေတာမလားဟမ်
ဦးညာနေတာမလား"မျက်ရည်လေးတွေပါ ဝိုင်းလာသော
သူမလေးက နှုတ်ခမ်းတွေပါ
တဆတ်ဆတ် တုန်လာ၏။"အဟက်! ငါကမင်းကို
စရလောက်အောင်အထိ
အချိန်တွေအရမ်းပိုနေတယ်များ
ထင်နေတာလား"လှောင်ရီသံစွက်ကာ ပြောလာတဲ့
ဦးရဲ့စကားလုံးတွေဟာ
ရာရာ့ရင်ထဲ ဗလောင်ဆူနေအောင်
သက်ရောက်မှုရှိလှသည်။"ဟင့် ... ဦး"
"တော်လောက်ပြီ ရာရာ
နင့်ကိုဒီ့ထပ်ပိုပြီး လွတ်မထားနိုင်တော့ဘူး "ငုဝါက သူမလေးအနားရောက်လာကာ
တစ်ဖက်ကို လှည့်လိုက်၍"သီရိ"
"ဟမ်"
"နင် ရာရာ့အိတ်ယူခဲ့လိုက်
ရာ့ကို ငါခေါ်သွားလိုက်တော့မယ်""အော်! အေး အေး"
လမ်းတောင် တည့်အောင်မလျှောက်နိုင်တော့တဲ့သူငယ်ချင်းလေးကို
ငုဝါဘေးကကြည့်ရင်း ရင်နာလိုက်တာ...
အမြဲပျော်ပျော်နေတတ်တဲ့
ဒီခလေးမကိုမှ ကံကြမာက
ဘာလို့များ အခုလောက်ထိ
ရက်စက်နိုင်လွန်းရတာလဲရာရာတို့သူငယ်ချင်းတစ်စုကို
မြင်ကွင်းထဲကပျောက်သွားတဲ့အထိ
လိုက်ကြည့်နေတဲ့ ဆက်ကြောင့်
နှောင်းသိချင်စိတ်က ထိန်းမရတော့"ဆက်"
"ပြောလေ"
" ဘာလို့ရုတ်တရက်ကြီး
စေ့စပ်ပွဲကို လက်ခံလိုက်ရတာလဲ""ဘာလို့လဲ မင်းကမကြိုက်လို့လား"
"မဟုတ်တာ ... ဆက်ရယ်
နှောင်းကဘာလို့ မကြိုက်ရမှာလဲ
ဆက်က အခုမှရုတ်တရက်ကြီး
စေ့စပ်ပွဲကိုပါ လက်ခံလိုက်တယ်ဆိုတော့လေ
ဟို ... နှောင်းကိုလက်ခံနိုင်သွားပြီပေါ့နော်"
YOU ARE READING
ဦးရဲ့အချစ်ခံ မဟေသီလေး
Romanceဒီလူသားက မင်းနဲ့တွေ့မှ နှလုံးသားဆိုတဲ့ အကောင်က အသက်၀င်လာခဲ့တာ ပိစိ !!