Part -9

2.3K 40 0
                                    

[ အပိုင်း-၉ ]

မိုးလင်းတာနှင့် အိမ်ကလူတွေကို
နှုတ်ဆက်ပြီး ဆက် သူမလေးကိုခေါ်ကာ
အင်းလေးကန် ဖောင်တော်ဦးဘုရားသို့
လာခဲ့ကြသည်

ထိုမှတစ်ဆင့် ပင်းတယမြို့မှာရှိတဲ့
သဘာ၀ ထုံးကျောက်လှိုဏ်ဂူ သို့
လာခဲ့ပြီး ဗုဒ္ဓဆင်းတုတော်များကို
ဖူးမျှော်ကြသည် ။

ဘုတ်တလုတ်ကန် /
ရှေးဟောင်းညောင်ပင်ကြီးများ/
ကုံလုံဆရာတော်ကြီးရဲ့ စံ‌ကျောင်းတွေကို
လေ့လာကြည့်ရှုခဲ့ကြပြီး
နေ့လည်ရောက်တော့ ...
မိန်းမရဲ သခင်မတောင်သို့
နှစ်ယောက်သား ခြေလျှင်
တောင်တက်ခရီး စတင်လိုက်ကြသည်

သဘာ၀ အလှအပများကို
ခံစားရင်း အပန်းဖြေလမ်းလျှောက်ကာ
တောင်ထိပ်ပေါ်သို့ ရောက်ခဲ့ကြသည်

တောင်ထိပ်ပေါ်  ရောက်သည်နှင့်
ဘုရားဖူးကာ ရာရာ တစ်ယောက်
တောင်ပေါ်မှ ရှုခင်းများကို
လိုက်ပတ်ကြည့်တော့သည် ။
အငြိမ်မနေတဲ့ သူမလေးကို
ဆက် သဘောကျစွာ ကြည့်ရင်း

"ပိစိ"

"ရှင်"

"ဒီမှာလာထိုင် ...
ဦး ပိစိကိုပြောပြစရာရှိလို့"

"ဟုတ်"

သူမ‌လေး အနားရောက်လာတော့
ဆက် ပုံစံက ပြုံးတုံ့တုံ့ဖြင့်

"ဦးတို့အရွယ်ကိုချစ်ပါ ပိစိ"

"ရှင်"

ဦးတို့အရွယ်ဆိုတာ...

ပိစိ သိချင်တဲ့အကြောင်းအရာ တိုင်းကိုခရေစေ့တွင်းကျ
ရှင်းပြနိုင်တဲ့အရွယ်မျိုး
ပိစိ စိတ်ညစ်ရင် မရိုးနိုင်တဲ့
ဟာသတွေပြောပြီး
အာရုံလွဲတတ်တာမျိုး

ပိစိကိုနှောက်ယှက်တဲ့ကောင်တွေကို
ဦး နာမည်ပြောလိုက်တာနဲ့
''ဟာ..ဘီးကျဲကိုသိတာပေါ့ "လို့
ပြောရလောက်အောင် မိုက်ခဲ့ဖူးတာမျိုး

အတူတူလမ်းလျှောက်နေတုန်း
လမ်းရှေ့ကပိတ် ရန်စတာမျိုးကို
အကြည့်တချက်လေး ရှင်းလိုက်ရုံနဲ့
အေးဆေး ဖြစ်သွားတာမျိုး...

ဇကောလောက် အတွေးနဲ့
ပန်းခြောက်လောက်ဘဲ တင်စားတတ်တဲ့
ဂျွတ်စပွတ်လေးတွေမကြားဖူးတဲ့
ဂလက်စီအလွမ်းကဗျာတွေ ဖွဲ့ပြတတ်တာမျိုး
အချစ်အတွက်ဆို ...
အသက်အသေခံမယ်ဆိုပြီး
ရူးကြောင်ကြောင်အတွေးအခေါ်နဲ့
သောက်ပေါလေးတွေကို တွေ့ရင် ရင်မခုန်နဲ့....

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now