Part -3

3.9K 66 0
                                    

[ အပိုင်း-၃ ]

"ဦးကလဲ စားပါစေ ရာ့ဆီမှာကလဲ
နှစ်ခုတောင်ရှိနေတာကို ဦးလဲ
ကုသိုလ်ရတယ်လေ"

"ရပါတယ် ရာရာရယ်
အဲ့ကောင်ကြီးကို သွားပြောမနေနဲ့
တကယ်ပဲ အံ့ဩတယ် ..."

မျက်စောင်းတထိုးထိုးဖြင့် သူရိန်
ဆက်ဘက်သို့ လှမ်းကြည့်၍

"ဆက် မင်းပဲကားမောင်းလိုက်တော့ကွာ
ငါ ဗိုက်အောင့်လာလို့"

ဆူဇကာပုဏား လှူတာ
အကုန်စားတာကိုး ဒါကိုများ
ငါ့ခလေးဆီက ရေခဲမုန့်ကိုပါ
ယူစားချင်သေးတယ် ...

ဆက်နဲ့သူရိန် အကြည့်တွေဖြင့်
စစ်တိုက်နေတုန်း

"ဟိုလေ နှောင်းက
ခေါင်းမူးနေတာဆိုတော့ ရှေ့မှာပဲ
ထိုင်လိုက်တော့မယ်နော်"

ပြောတာကတောင် နောက်ကျ‌နေသေး
လူက အရင်ကားပေါ်ရောက်နေသော
မိန်းခလေးကြောင့် ဆက် မျက်ခုံးတန်းနှစ်ခု
ထိစပ်သည်အထိ ကျုံ့သွားပြီး
နှုတ်ခမ်းထက်၌လည်း မဲ့ပြုံးတစ်ပွင့်က
ပန်ဆင်လျက်

"အာ့ဆို ရာရာအနောက်မှာထိုင်ပြီ"

"ဟာ"

ဘာမှပြောချိန်တောင် မရလိုက်
ခလေးမက ဝှီးခနဲနေအောင် သူ့ရှေ့က
ပျောက်သွားပြီး ကားနောက်ခန်းသို့
ရောက်သွားတော့သည်

"ခံလိုက်တော့ သတိုးမင်းဆက်ရေ!"

ဟုဆိုကာ ကိုယ့်နဖူးကို
လက်နဲ့ ပြန်ထုရတဲ့အဖြစ်

🍁🍁🍁🍁🍁

"အဲ့ဒါလေ ကိုကြီး  ...
ရာရာပြောတဲ့ တစ်ယောက်"

"အဲ့တစ်ယောက်က သိပ်မမိုက်ဖူး
ဒီဘက်က တစ်ယောက်က
ကိုကြီးType"

"တပ်ထားတဲ့ မျက်မှန်ကြီးကိုမှ
အားမနာ သေချာကြည့်ပါအုံးကိုကြီးရယ်
ရာရာ့မင်းသားကမှ နုဖက် အုအက်
မုကလပ် တပ်နေတာ"

"ကျွီး"

"အလား!"

"ဆက် ဘာဖြစ်လို့ကားကို
ဖြေးဖြေးမကွေ့တာလဲ နာလိုက်တာ...
ငါ့နဖူးလေး"

"ကြောင်ဖြတ်သွားလို့"

"အော် .... အေးပါကွာ လမ်းမလယ်ကြီး
ကြောင်ဖြတ်လို့တဲ့ အဆန်းကြီး"

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now