Part -2

4.7K 77 0
                                    

[ အပိုင်း-၂ ]

Ring Ring

"ဟင်! ဒီအချိန်ကြီး ဘယ်သူ့ဆီကပါလိမ့်"

ရာရာလေးကို အိမ်ပြန်ပို့ပေးပြီး
အခုမှ အိမ်ပြန်ရောက်တဲ့နှောင်း
ဖုန်း၀င်လာတာမို့ နံပါတ်ကိုကြည့်ပြန်တော့လဲ အစိမ်းကြီးဖြစ်နေပေသည်။ အတွေးပေါင်း
များစွာဖြင့် ဖုန်းကိုပြန်ဖြေဖို့ပြင်၍

"Hello"

ဒီအသံက ခလေးမအသံ
မဟုတ်တာတော့သေချာသည်
ဘယ်လိုပဲဖြစ်ဖြစ် ခလေးမအကြောင်း
တစ်စုံတစ်ရာတော့ သိနိုင်သည်မဟုတ်လား

သတိုးမင်းဆက် အတွက် လူတစ်ယောက်အကြောင်းစုံစမ်းရသည်မှာ ခက်ခဲ့လှသည့်
ကိစ္စတော့မဟုတ် !!

သို့သော် ထိုခလေးမနဲ့ပတ်သက်ရင်ကိုမှ
သူ့စိတ်က ဂနာမငြိမ်ဖြစ်နေတာ

"Hello အခရာနဲ့တွေ့ချင်လို့
သူရှိလား မသိဘူး"

ဆက် အသံကိုညင်သာနိုင်သမျှ
ညင်သာလိုက်သည်။

တစ်ဖက်မှ ဩရှရှနှင့်
ယောက်ကျား ပီသလွန်းကာ
ဩဇာသံကအပြည့်မို့
နှောင်း ခေတ်တမျှ
ငြိမ်သက်မိသွားသည် ။

သူ့အသံမှာ စီးမျောသွားတယ်ဆိုရင်
ပိုပြီးတော့များ မှန်နေမလား....

"Hello"

"ဪ ဟုတ် ရာရာကအိမ်ပြန်သွားပြီ"

နှောင်း တွေးနေတာ
ဘယ်လောက် ကြာသွားမှန်းမသိ
တစ်ဖက်က အသံပြုလာမှသာ
အသိ၀င်တော့သည် ။

"ဒါဆို ရာရာ့ကိုဆက်သွယ်နိုင်မယ့်
လိပ်စာလေး တစ်ချက်လောက်"

"ရှင်က"

"သတိုးမင်းဆက် ပါ
နေ့လည်က စာအုပ်ဆိုင်မှာ
ရာရာနဲ့တိုက်မိရင်း စာအုပ်မှားသွားတာ
အဲ့ဒါ ပြန်လဲချင်လို့"

ဒါဆို ရာရာနဲ့တိုက်မိခဲ့တဲ့
တစ်ယောက် ပေါ့ ...
နေ့လည်က ရာရာလေးပြောပြလို့
လူတစ်ယောက်နဲ့ ၀င်တိုက်မိခဲ့မှန်း
သိပေမဲ့ စာအုပ်မှားခဲ့တဲ့အထိဆိုတာတော့
နှောင်းမသိတာအမှန် ။ ဘာလို့ဆို
နှောင်းလဲ လက်ဆောင်တွေကိုမှ
ဖွင့်မကြည့်ရ သေးဘဲလေ

" ကျွန်တော်ပြောတာ ကြားရဲ့လား
မသိဘူး "

" အော်ဟုတ် .... စာအုပ်က
ကျွန်မဆီမှာ "

ဦးရဲ့အချစ်ခံ မဟေသီလေးWhere stories live. Discover now