"ပြန်တော့"
"ဟင့်အင်း"
ဆွန်းဟန် ပါးစပ်ကပြောရုံကတင်မကပိုတိုး၍ပါဖက်လိုက်သည်။
"နောက်ကျနေပြီ ဆွန်းဟန်"
"လွမ်းနေလို့ပါ ခဏလေး ခဏလေးပဲထပ်ဖက်ထားခွင့်ပေးပါဗျာ နောက်ဆိုဒီလိုဘာမှမပြောဘဲပျောက်မသွားပါနဲ့တော့ ကျွန်တော်လေBinnကို..."
ဆွန်းဟန် ဆက်မပြောတော့ဘဲ ဖက်ထားသည့်ကိုယ်လေးအား ပျောက်ကွယ်သွားတော့မည့်အလားကျစ်နေအောင်ပိုထိုး၍သာဖက်ထားမိသည်။
15မိနစ်လောက်ကြာအောင်ဖက်ပြီးတော့ ဆွန်းဟန် ဖက်ထားရာမှခွာလိုက်သည်။သို့သော် လက်တွေကတော့Wonbinပုခုံးမှာပင်ရှိနေသေး၏။
ဆွန်းဟန် ရှေ့မှမျက်နှာလေးအားသေချာကြည့်မိတော့ ခုနငိုထားတာသူမဟုတ်သလိုပကတိတည်ငြိမ်နေသည်။ငိုထားသည့်ဟုပြောလျှင်ယုံဖွယ်ရာပင်မရှိ။ကိုယ့်ရှေ့မှာငိုထားသည်မို့သာ မဟုတ်ရင်ငိုထားမှန်းရိပ်မိမည်မထင်။
"အခန်းရှေ့ထိလိုက်ပို့ပေးမယ်"
"အင်း"
ငြင်းဆန်ခြင်းမရှိ 'အင်း'တစ်လုံးသာပြန်ပြောပြီးရှေ့မှထွက်သွားသည်။ကိုယ်နဲ့အရပ်မတိမ်းမယိမ်းအနေအထားမှာရှိတဲ့Wonbin၏ခြေလှမ်းများကနှေးကွေးမပါ။ဆွန်းဟန် အနောက်မှမှီအောင်မနည်းလိုက်ရသည်။ Wonbinလက်ထဲမှမဲမဲထုတ်ကိုလည်း ဆွန်းဟန် ခုမှပင်သတိထားမိသည်။
*ဘာတွေဝယ်လာတာပါလိမ့်။
ထို့နောက်အခန်းရှေ့ရောက်တော့ အခန်း password အားနှိပ်နေသည့် Wonbin လက်များသည်အနည်းတုန်ချင်ချင်။ ဆွန်းဟန်စိတ်ထင်၍လားမသိပါ။ထို့နောက် Wonbin၏ privacy မို့ချက်ချင်းမျက်နှာလွှဲလိုက်မိသည်။
" ပြန်တော့လေ "
"အင်း "
ဆွန်းဟန်စိတ်ထဲ ဘာလို့အတင်းနှင်ထုတ်သလိုခံစားနေရသည်လဲမသိ။အခန်းရှေ့မှာတွေတွေကြီးရပ်နေမိသည်။ Wonbinသည်လည်းဆွန်းဟန်ရပ်နေသည့်အတိုင်းပင်သူလည်းအခန်းဝတွင်ရပ်နေသည်။ထို့နောက်...
"ဆွန်းဟန် ကိုယ်နဲ့အရက်သောက်ချင်ရဲ့လား"
"ဗျာ.."