He is Mine - final

170 15 0
                                    

Shane Filan - Beautiful in white
-

ညနေသုံးနာရီခန့်အချိန်တွင် SH group အပိုင် ဟိုတယ်ဟောခန်းကြီးအတွင်း လူကြီး၊လူငယ်၊လူရွယ်များနှင့်ပြည့်နက်နေပြီး မင်္ဂလာသတို့သားနှစ်ဦးအား စောင့်မျှော်နေကြသည်။သူတို့ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသောသီချင်းသံအေးအေးက စိတ်ကိုကြည်နူးအေးမြစေလေသည်။

အခန်းအတွင်း ရွှေရောင်၊ အဖြူရောင်နှင့်ပန်းရောင်ကိုသာ အခမ်းအနာပြင်ဆင်ရာ၍အသုံးပြုထားပြီး မီးဆိုင်းများကအစရွှေရောင်တဖိတ်ဖိတ်တောက်နေသည်။ထို့အပြင် ပန်းများကိုလည်း နှင်းဆီ အဖြူနှင့်ပန်းရောင်ကိုသာအများဆုံးသုံးထားကြပြီးကြည့်လိုက်သည်နှင့် နွေးထွေးမှုအတိပြီးသောပုံစံဖြစ်သည်။

ဒယ်ဟန်းမင်းဂု၏နာမည်ကြီး SH group နှင့် သူနှင့်အပြိုင် စီးပွားရေးတွင်ထိပ်တန်းရောက်နေသော Park မျိုးရိုးတို့၏ အရှိန်အဝါနဲ့ဆိုလျှင် ဤအခင်းအကျင်းကသာမာန်မျှသာဖြစ်သည်ဟုဆိုရမည်ဖြစ်ပါသည်။

ခန်းမအတွင်းသို့မဝင်ခင် ဆွန်းဟန် မျက်နှာထက်စိတ်လှုပ်ရှားမှုကြောင့် မတည်မငြိမ်ဖြစ်နေပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားကာ စိတ်တည်ငြိမ်အောင်ကြိုးစား၍နေရသည်။

လွန်ခဲ့သည့်နှစ်တည်းကစီစဉ်ခဲ့သော၊ သူတို့နှစ်ဦးမျှော်လင့်ခဲ့ရ‌သော ဤမင်္ဂလာပွဲသည် ယ‌ခုနေ့တွင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဆွန်းဟန် ရင်ထဲတွင်စိတ်ခံစားချက်ပေါင်းစုံဖြစ်ပေါ်နေပြီး မျက်ရည်မကျမိအောင်လည်း ထိန်းနေရပါ၏။

ဆင်ဆွယ်ရောင် suit ကိုဝတ်ဆင်ထားပြီး နှင်းဆီပန်းအဖြူရောင်ကိုရင်ဘက်တွင်ထိုးထားသည်မို့ အမြင်ရှင်းနေပြီး ချောမောခန့်ညားမှုကထင်းထွက်နေသည်။

" စိတ်လှုပ်ရှားနေလား ဆွန်းဟန် "

" ဒီနေ့မှ ‌စိတ်မလှုပ်ရှားဘူးဆိုရင် မောင်ကရူးနေလို့ပဲနေမယ် "

" မင်းကအစောတည်းကအရူးလေးပဲမဟုတ်ဘူးလား "

ဆွန်းဟန် စိတ်လှုပ်ရှားနေမှန်းသိသည်မို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် စနေသော Wonbin မျက်နှာထက်တွင်လည်း ငိုထားမှန်းသိသွာစွာ နှာထိပ်ကလေးနီရဲနေ‌သည်။

He is MineWhere stories live. Discover now