He is Mine 18

129 16 0
                                    

" Happy Birthday Seunghan "

Wonbin အပြန်တုန်းကဝယ်လာသည့်ကိတ်ကလေးပေါ်တွင် ဖရောင်းတိုင်များထွန်းလိုက်ပြီး 12 နာရီထိုးသည်နှင့် မွေးနေ့ဆုတောင်းစကားဆိုလိုက်သည်။ကိုယ်သာပထမဆုံးဆုတောင်းပေးတဲ့သူဖြစ်ချင်သည့်စိတ်က ကလေးလိုဖြစ်နေမလားမသိပေမယ့်
ဆွန်းဟန် သည်လည်း ထိုအရာကိုသာအလိုချင်ဆုံးဖြစ်လိမ့်မည်ပင်။

" ဘာဆုတောင်းလိုက်လဲ "

" Binn ပျော်ရွှင်ဖို့ပေါ့ "

" မင်းမွေးနေ့ကို ကိုယ့်အတွက်ပဲကိုယ်ဆုတောင်းရမယ်လေကွာ "

" မောင့်အတွက်က မင်းပျော်ရင်ရပြီ ၊ မင်းအပြုံးလေးမြင်နေရရင်ကို မောင့်အတွက်ပြည့်စုံပြီ "

Wonbin မျက်ဝန်းများအား စိုက်ကြည့်ပြီးပြောလာသော ဆွန်းဟန်မျက်ဝန်းများတွင် မြတ်နိုးမှုများပြည့်လျှံလျက်။

" အရူးလေး "

" ဟုတ်တယ် မောင်မင်းကိုချစ်လွန်းလို့အရူးလေးဖြစ်နေပြီ "

နှစ်ဦးစလုံး၏ မျက်နှာထက် ကိုယ်စီအပြုံးပန်းများဖြစ်ထွန်းနေကြပြီး သူတို့အနီးနားပတ်ဝန်းကျင်တွင် ချစ်မြတ်နိုးမှုများနှင့်ဖုံးလွှမ်းနေ လေသည် ။

" ကိုယ့်ဆီရောက်လာပေးခဲ့လို တကယ်ကျေးဇူးတင်ပါတယ် ဆွန်းဟန် မွေးနေ့မှာပျော်ရွှင်ပါစေ ကလေးလေး "

" မောင် 25ပြည့်တာဗျ ၊ ကလေးလေးမဟုတ်တော့ဘူး "

ပုံမှန်ထက်ဆူထွက်လာသည့် နှုတ်ခမ်းလေးကြောင့် Wonbin အသဲယားကာအပြုံးများမရပ်တော့ဘဲ အိပ်ခန်းအတွင်း Wonbin ၏ ရယ်သံလေးများနှင့် ဆွတ်ပျံ့နေသည်။

* ပြွတ် *

" မွေးနေ့လက်ဆောင်ဘာယူမလဲ မောင် "

" အားး!!  မောင်တကယ်ရူးသွားအောင်မင်းကလုပ်နေတာ မင်းအဲ့လိုခေါ်တိုင်းရူးတော့မလိုပဲ "

Wonbin ပါးနှစ်ဖက်အား တဖျပ်ဖျပ်နမ်းနေရင်း ဆွန်းဟန်သည် သူ့စိတ်လှုပ်ရှားမှုများကိုဖုံးကွယ်ထားသည်။

Binn ဆီမှ ' မောင် ' လို့ခေါ်သံကြားရတိုင်း ထိန်းချုပ်ထားရတဲ့ သူရဲ့တက်မက်စိတ်တွေကလွတ်ထွက်ချင်လာသည်။ယောက်ျားသားတစ်ဦးမို့ ထိုတဏှာရာဂစိတ်များနှင့် မကင်းပါသော်ငြား Binn အပေါ်အတတ်နိုင်ဆုံးဖြူစင်မြတ်နိုးချင်သည်။ အခုလို တရားဝင် မသက်ဆိုင်ရသေးသည့်အချိန်တွင် ပို၍ပင် ထိန်းချုပ်ချင်မိသည်။သူ၏အချစ်ကိုထိုအရာတွေနှင့် မရောထွေးချင်ပါ။Binn အပေါ်ထားသည့် သူမေတ္တာတရားသည် ထိုအရာတွေထက် အများကြီးသာလွန်ပါသည်။

He is MineWhere stories live. Discover now