လွန်ခဲ့သော 10နှစ်ခန့်
Park အိမ်တော်နဲ့ ကံဆိုးမှုတစ်ခုဆိုက်ရောက်နေသောအချိန်ကာလတစ်ခုဟုပြောလို့ရသည်။ မားမား၏ငိုကြွေးသံများ၊ပါးပါး၏ဒေသအလျောက်ဆူပူကြိမ်းမောင်းသံများ ၊ ဒါ့အပြင် ပါးပါးစိတ်ရှိတိုင်းကိုင်ပေါက်နေသည့် ဧည့်ခန်းထဲမှပစ္စည်များ၏ကျကွဲသံများဖြင့် ဆူညံနေတော့သည်။
" မင်းကို အဲ့ကောင်နဲမသတ်ပတ်ဖို့ငါမှာမထားဘူးလား ဟမ်! ခွေးထက်မိုက်တဲ့အကောင် "
ပါးပါး၏ ဒေါသထွက်နေသောအသံက 14နှစ်အရွယ် Wonbinကို တုန်လှုပ်စေသည်အထိပြင်းထန်ပါသည်။ဒါတောင် ခက်ထန်နေသော ပါးပါးရုပ်ကိုမြင်ရသေးသည်မဟုတ်။အကွယ်ကနေချောင်းကြည့်နေချင်းသာ။
ပါးပါး ရှေ့တွင် မားမားက ကိုကို့ ကိုဖက်၍ငိုကြွေးနေလေသည်။ကိုကိုလည်း အသံမထွက်ပေမယ့် မျက်ရည်တွေအဆက်မပြတ်ကျဆင်းနေသည်။
" ပြောစမ်း အဲ့ကောင်ကဘာလုပ်တဲ့အကောင်မို့ မင်းကတန်းတန်းစွဲဖြစ်နေရတာလဲ ၊ မင်းမရှက်ပေမယ့်ငါရှက်တယ် ၊ မင်းလိုကောင်ကိုမွေးထားရတာငါရှက်တယ်ကွ "
" တော်တော့အကို ၊ ကလေးကိုဒီလိုတွေပြောနေစရာအကြောင်းမရှိဘူး ၊ဘာမှအပြစ်မရှိတဲ့ကလေးကို "
"ဘာ!!!အပြစ်မရှိဘူးဟုတ်လား ၊ ယောက်ျားတစ်ယောက်က တခြားယောက်ျားတစ်ယောက်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတာ အပြစ်မဟုတ်ဘူးလား "
" အဲ့တာဘာလို့အပြစ်ဖြစ်ရမှာလဲ ပါးပါး ၊ သူကသားချစ်သူပါ "
" မင်းပါးစပ်ကိုပိတ်ထား ငါ့ကိုပါးပါးလို့မခေါ်နဲ့ ခုချိန်ကစပြီးငါ့မှာသားတစ်ယောက်ပဲရှိတယ် Park Wonbin ဆိုတဲ့သားပဲငါ့မှာရှိတယ် "
" အကို့ "
မားမား၏ အထိန်တလန့်တားသံအဆုံး ကိုကိုကငိုရတာမော၍ထင် သတိလစ်သွားခဲ့သည်။ပါးပါးသည် ပြောချင်ရာပြောပြီး ထွက်လာကာ Wonbin ကိုတွေ့သွားသည်မို့ သူ့အနားခေါ်လိုက်သည်။
" လာပါအုံး ပါးပါးသားလေး "
ပါးပါး၏အသံက ခုနနှင့်မတူ နူးညံ့မှုတွေအထင်သားပေါ်လွင်နေသည်။ Wonbin ပါးပါးအနားသို့သွားလိုက်လျှင် ပါးပါးကသူ့ကိုငုံကြည့်လာကာ