He is Mine 13

95 13 0
                                    

" အစ်ကိုလေး ခဏနားပြီးမှဆေးရုံသွားမလား ပင်ပန်းနေမယ်ထင်တယ် အရင်နား
လိုက်ပါ့လား "

" ရတယ်အစ်မ ဆေးရုံကိုပဲလိုက်ပို့ပေးပါ "

အစ်မဂျီဝန်းခေါ်‌လာသော ကားပေါ်တက်လိုက်လာခဲ့ပြီးမှ ဆွန်းဟန်နားချင်နေမလားသတိရသည်။တကယ်ဆို 12နာရီလောက် လေယာဉ်စီးလာရသည်မို့ အညောင်းအညာမိကာ အနည်းငယ်တော့ပင်ပန်းသည်သာ။ထို့ကြောင့် ဆွန်းဟန် နားချင်ရင်နားလို့ရကြောင်းပြောရန် သူ့ပုခုံးအားမှီနေသော ဆွန်းဟန်အားခေါ်လိုက်သည်။

" ဆွန်းဟန်... "

" မနားဘူး Binn နဲ့လိုက်မှာ ၊ ခုက ပင်ပန်းလို့မဟုတ်ဘူး Binn ပုခုံးပေါ်  မှီချင်လို့ မှီထားရုံပဲ "

" တကယ်မပင်ပန်းတာ ဟုတ်လို့လား ၊ ကိုယ်တောင် ပင်ပန်းချင်သလိုဖြစ်နေတာကို "

" Binn ပင်ပန်းတယ်ဆိုအရင်နားရအောင်ကွာ ၊ ကျွန်တော်ကြောင့်ဆိုရင်တော့ Binnအားနာတာမျိုးမဖြစ်စေချင်ဘူးနော် ၊ ကျွန်တော်ကအေးဆေးပဲ ၊ Binnပင်ပန်းရင်ကျွန်တော့်ကိုမှီထား "

ထို့နောက် ဆွန်းဟန်က ကိုယ်ကိုယ်ပြန်မတ်တာ Wonbin ခေါင်းလေးအား သူ့ပုခုံးထက်သို့မှီစေလိုက်တော့သည်။ကားပေါ်၌ ဒရိုက်ဘာတစ်ဦးနှင့် အစ်မဂျီဝန်းတို့ရှိပါသည့်တိုင် ဆွန်းဟန်ဟာ ဂရုစိုက်ပုံမပေါ်ပဲ Wonbin မျက်နှာတစ်ကမ္ဘာသာတည်နေတော့သည်။ပါးပါးနှင့်တွေ့ရဖို့ကိုလည်း နည်းနည်းလေးမှမတုန်လှုပ်သည့်အပြင် Wonbin ကိုတောင် အားပြန်ပေးနေသေးသည်။

Wonbinကတော့ ဆွန်းဟန်ကို ပါးပါးအား မည်သို့မည်ပုံ နှုတ်ဆက်ပေးရမည်နည်း ဟုတွေးကာခေါင်းခဲနေတော့သည်။ ပါးပါးက Wonbin ၏ ဆွန်းဟန်အပါ်ထားသည့်ခံစားချက်များကိုသိထားသူမဟုတ်ပါလား။ထို့အပြင် Wonbin မည်မျှပင်အသက်ကြီးကာ ပါးပါးလောင်းရိပ်ကထွက်လာစေပါမူ ငယ်ဘဝစိတ်ဒဏ်ရာနှင့် အကြောက်တရားများက ရှိနေဆဲပင်။ပါးပါးကသူ့အပေါ်မည်မျှထိအာဏာသက်ရောက်ကြောင်းလည်းသူသိသည်။သူ့ဘဝတွင် ပါးပါးကိုအာခံကာ အိမ်ပေါ်ကဆင်းလာခြင်းသည်လည်း ဆွန်းဟန်နှင့်ပတ်သတ်သောကိစ္စမှစခြင်းကြောင့်ပင်ဖြစ်လေရာ ဆွန်းဟန်နှင့်အတူ ပါးပါးရှေ့သွားရမှာ အနည်းငယ်တော့တုန်လှုပ်စရာကောင်းနေသည်။

He is MineWhere stories live. Discover now