He is Mine 9

129 13 0
                                    

ဟာတာတာ ခံစားချက်နှင့်အတူ Wonbin အိပ်ယာမှနိုးလာခဲ့သည်။အရင်ရက်တွေက သူနိုးတိုင်း ဆွန်းဟန်ရင်ခွင်ထဲရောက်နေသည်မို့ နောက်တစ်ကြိမ်ပြန်အိပ်နိုင်သည်အထိ စိတ်လုံခြုံမှုရသည့် ရက်တွေဖြစ်ခဲ့သည်။ ယခုတွင်တော့ ပြန်လဲမအိပ်နိုင် ၊ ထလဲမထချင်သေးသော အခြေအနေတွင် အိပ်ရာဘေးမှာတင်ထားသော ဖုန်းကိုသာယူလိုက်တော့သည်။ ဒီဖုန်းသည်လည်း
ဆွန်းဟန် နှင့်အတူဝယ်ခဲ့တာပင်။ Wonbin အတွက် မဖြစ်မနေ မလိုအပ်သောဖုန်းသည် ဆွန်းဟန်၏ ဂျီကျမှုအပေါင်းတွင် သူ့ထံ‌ရောက်လာခဲ့သည်။

ဖုန်းစဖွင့်သည်နှင့် မြင်လိုက်ရသော မက်စ်ဆေ့ကြောင့် Wonbin နှုတ်ခမ်းထောင့်စွန်းများ ကော့ညွှတ်သွားကြပါသလို နှုတ်မှလည်း

" အရူး "
ဟုခပ်တိုးတိုးရေရွတ်လိုက်မိသေးသည်။

ည 10 နာရီလောက်တွင် ပို့ထားသော..

" Binn ကျွန်တော်ရောက်ပြီနော် "
ဟူသောစာတစ်ကြောင်းနှင့် ၊

ယခုမနက် 9နာရီတွင်ပို့ထားသည်က...

" Binn ကျွန်တော် ‌အစည်းအဝေးသွားဖို့အစောကြီးထနေရတယ်ဗျာ ၊ မင်းကတော့အိပ်ကောင်းတုန်းပေါ့ ၊ နိုးရင် မနက်စာစားဖို့မမေ့နဲ့နော် Binn ၊ ကျွန်တော်မရှိလို့ဆိုပြီးမစားဘဲမနေနဲ့ " တဲ့ ။

Wonbin စာမပြန်ဘဲ သီချင်းတစ်ချို့ကိုသာရှာဖွေ၍ဖွင့်ကြည့်နေမိသည်။ ထို့နောက် မနက်စာစားရန်သတိရချိန်တွင် အချိန်က 11နာရီပင်ထိုးတော့မည်ဖြစ်သည်။ထို့ကြောင့် ရေချိုးခန်း သို့အရင်ဝင်ရန်ဆုံးဖြတ်လိုက်တော့သည်။

သွားပွတ်တံပေါ်တွင် သွားတိုက်ဆေးတင်ထားပြီးသားအဆင့်သင့်မရှိသလို မျက်နှာသုတ်ပုဝါလည်းအဆင့်သင့်ရှိမနေပါ။ Wonbin ၏လုပ်ဆောင်မှုများခဏတာ နှောင့်နှေးသွားပါသော်လည်း အချိန်တစ်ခဏမျှသာ။ ထို့နောက် ရေပါ တစ်ခါတည်းချိုးပစ်လိုက်ပြီး ဗိုက်ဆာလာသည်မို့ မီးဖိုချောင်ရှိရာသို့ထွက်လာခဲ့တော့သည်။

စားပွဲပေါ် တွင် မုန့်တစ်ခုခုရှိနေမည်ထင်နေသော Wonbin သည် လွန်ခဲ့သည့်ငါးရက်က တော်တော်အကျင့်ပျက်သွားခဲ့ပုံပင်။ ဆွန်းဟန်မရှိသောမနက်ခင်းအစမှာပင် Wonbin စိတ်ရှုပ်ထွေးလာရသည်။ တစ်ယောက်တည်းနေသားကျနေသောအချိန်တွင် ဆွန်းဟန် ၏ဂရုစိုက်မှုများသည် သူတစ်လျှောက်လုံး တောင့်တလာသည့် လိုအပ်မှုတစ်ခုဖြစ်နေခဲ့သည်ဆိုတာ လက်ခံလိုက်ရသည်။

He is MineWhere stories live. Discover now