Extra

103 13 0
                                    

" Binn... အလုပ်ပိတ်ရက်လေးတော့ မောင့်ကိုဦးစားလေးပေးပါအုံးဗျာ "

" ခဏလေးနော် ဆွန်းဟန် ကိုယ်ဒါလေးအရေးကြီးနေလို့ "

မနက်စောစောတည်းက အလုပ်ခန်းထဲဝင်နေတာ၊ ဆွန်းဟန်နိုးတည်းကအနားမှာမရှိ။မနက်စာလည်းမစား။

တကယ်ဆိုအလုပ်ပိတ်ရက်လေးတော့
ဆွန်းဟန် ကိုအချိန်ပေးသင့်သည်မဟုတ်ပါလား။တစ်ခါလာလည်း အလုပ်၊နောက်တစ်ခါလည်းအလုပ်နဲ့၊ အလုပ်နဲ့ညားနေသလားတောင်ထင်ရသည်။

နှစ်နှစ်။လက်ထပ်ပြီးနှစ်နှစ်ကြာသွားတော့ Park Wonbin သူ့အားရိုးသွားသလားမသိပါ။

ဆွန်းဟန်လည်း ဒယ်ဒီ့အလုပ်အကုန်လုံးနီးပါးကို လက်လွှဲယူထားရသည်ပဲ။သူ့လို့အချိန်‌မပေးနိုင်တာမျိုးတွေမရှိ။ကိုယ်ကသူ့အနားကပ်ချင်သူမို့ မအားရင်တောင် သူ့အနားကပ်ချွဲလိုက်ရမှ။

Wonbin အနားမှထွက်ခွာသွားကာ စိတ်‌ကောက်သွားသူအား လိုက်မချော့နိုင်‌သေး။ဒီနေ့အမှီလုပ်ရမယ့်ကိစ္စရှိနေသည်မို့ အမြန်အပြီးဖြတ်ချင်နေမိသည်။တိုးချဲ့ထားသောအလုပ်များကြောင့် Wonbin မအားလပ်တော့တာတော့အမှန်ပင်။

လက်ထပ်ပြီးကာစအချိန်ကလို့တစ်တီမတူးနိုင်ကြတော့သည်မှာလည်းကြာပြီဖြစ်သည်။

ဆွန်းဟန်စိတ်အချဉ်ပေါက်ပြီး အိမ်အောက်ထပ်သို့ဆင်းလာခဲ့ကာ ဧည်ခန်းတွင်TVဖွင့်ကြည့်နေလိုက်သည်။တကယ်က ဖွင့်ထားရုံသာ။စိတ်ကTVတွင်အာရုံမရှိ။ဘာတွေလာနေသည်သလဲလည်းမသိ။တစ်ချက်တစ်ချက် ကလေးသံတွေတော့ကြားမိသည်။

သူစိတ်ထဲရှိတာဟိုလူ။သူ့ကိုပစ်ထားတဲ့ဟိုလူ။

ဘယ်သူ့အတွက်အခုလိုကုန်းရုန်းပြီးပိုက်ဆံရှာနေကြသည်လည်းဆွန်းဟန်နားမလည်တော့။သားမြေးလည်းမရှိပါဘဲ။

အချိန်တစ်ခုကြာသွားသည်။အလွန်ဆုံးရှိလှ မိနစ်20လောက်ပေါ့။TVတွင် ကလေးတွေအစီအစဉ်လာနေဆဲ။ဆွန်းဟန်သည်လည်း Park Wonbin ကိုစိတ်ကောက်နေဆဲ။

" မောင့်... !! "

ထွက်ပေါ်လာသောခပ်အေးအေးအသံနှင့်အတူ လှေကားမှတစ်ထစ်ခြင်းဆင်းလာသောခြေသံကိုပါဆွန်းဟန်အာရုံစိုက်၍နားထောင်နေမိသည်။

You've reached the end of published parts.

⏰ Last updated: Mar 20 ⏰

Add this story to your Library to get notified about new parts!

He is MineWhere stories live. Discover now