He is Mine 3

149 20 0
                                    

" မားမား "
"မနက်ကဘယ်ချိန်ရောက်လဲ၊ အန်ကယ်ရောမပါဘူးလားမားမား"

ဆွန်းဟန် မီယွန်းအတွက်ဝယ်လာသောမုန့်များကိုစားပွဲပေါ်တင်ကာမားမားထိုင်နေသောဆိုဖာဘေးသို့သွားကာဖက်လိုက်သည်။

"နေ့လယ်စာစားချိန်လောက်ပဲသား"

"သားအန်ကယ်ကတော့သိတဲ့အတိုင်းသူကအိမ်မင်တယ်လေ၊သူ့သမီးအဆိုးအပေကသာအိမ်မကပ်တာ"

"အဲ့အဆိုးအပေရောမားမား သူသားကိုစိတ်ကောက်နေတယ်"

"ရှိပါ့ ရှိပါ့၊ ခုနကတောင် ကိုကိုပြန်မလာသေးဘူးလားဆိုပြီးစိတ်ပူပြီးထွက်မျှော်နေသေးတယ်"

"သူတအားဆိုးလာတယ်မလားသား"

"နည်းနည်းပါမားမားရယ် အန်ကယ်ကသူ့သမီးကိုဘယ်လောက်အလိုလိုက်ထားလဲမှမသိတာ"

"သားနဲ့ အစ်ကိုကရောပြောပါအုံး အစ်ကိုဆိုတာလည်း သူ့တူမပါးပါးလို့ခေါ်လိုက်တာနဲ့အလိုလိုက်ချင်နေပြီ မားမားကိုတောင်အဲ့ကလေးက မကြောက်ချင်တော့ဘူးသိလား"

မားမားစကားကြောင့်ဆွန်းဟန်ရယ်သလိုမားမားသည်လည်းသမီးကိုအချစ်ပိုကာရယ်နေသေးသည်။

"ဒီတူကြီးတွေလည်းနော် တွေ့တာနဲ့ မီးမီးအတင်းပြောဖို့ပဲတွေးနေသလားမှတ်ရတယ်"

နှုတ်ခမ်းကိုဆူကာဧည့်ခန်းထဲဝင်လာသော
မီယွန်း။သူစိတ်ကောက်နေတာကိုပြဖို့အတွက်တမင်နှုတ်ခမ်းကိုဆူပုပ်ထားသေးသည် ။ထို့နောက်မားမားနဲ့ဆွန်းဟန်ကြားဝင်ထိုင်ကာ ဆွန်းဟန်ဝယ်လာသောမုန့်များကိုဖောက်စားနေတော့သည်။

"မုန့်တွေဝယ်လာတာကို စိတ်ကောက်မပြေသေးဘူးလား ချီးထုပ်လေး"

ဆွန်းဟန်ပြောရင်းမီယွန်းဆံပင်လေးတွေကိုဆွဲဖွလိုက်တော့မကျေနပ်သလိုပြန်ကြည့်လာသည်။

"မခေါ်တာကမခေါ်တာပဲ မုန့်နဲ့ဘာမှမဆိုင်ဘူး"

"ဟောဗျာ"

ဆွန်းဟန်ရယ်သံစွက်ကာပြောမိသွားသည်မို့မီယွန်းမျက်စောင်းတစ်ချက်ကိုရလိုက်သေးသည်။

"သမီးငယ်ရယ် ကိုကိုနားပါစေဦး၊အခုမှအပြင်ကပြန်လာတဲ့သူကို စိတ်ကောက်တာလည်းမဟုတ်ပါဘဲ "

He is MineTahanan ng mga kuwento. Tumuklas ngayon