He is Mine 15

134 13 0
                                    

တိတ်ဆိတ်နေသောည၏အမှောင်ကို လမ်းမီးတိုင်တို့၏အလင်းရောင်က ဖြိုခွင်းပေးထားပြီး လမ်းမပေါ်ထက် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားသော အမျိုးသားနှစ်ဦး၏တွဲလက်တို့ကမြဲမြံစွာ။Wonbin ၏ ကုန်ဆုံးပြီးသောအတိတ်ဒဏ်ရာတို့ကလည်း လရောင်မှိန်ပျပျကဲ့သို့ပင် တဖြည်းဖြည်းမှေးမှိန်လာခဲ့လေသည်။တစ်ဦးမျက်ဝန်း တစ်ဦးကြည့်လျှက် ပျော်ရွှင်မှုကိုမဖုံးဖိနိုင် နှုတ်ခမ်းထက်အပြုံးတို့ကမြဲမြံလျှက်။ဘယ်တော့မှ မပျက်စီးသွားတော့မယ့် ရပ်ဝန်းလေးကိုနှစ်ဦးစလုံးက စိတ်တူကိုယ်တူဖြင့် ချည်နှောင်လိုက်ပြီပင်ဖြစ်သည်။

ပန်းခြံကနေအိမ်ကိုပြန်လာသည့်လမ်းတစ်လျှောက် ဆွန်းဟန်သည် Wonbinကိုလှည့်တကြည့်ကြည့်ဖြင့် ဆုပ်ကိုင်ထားသောလက်တို့ကို ဖျစ်ညစ်ကာ ယခုအခြေအနေအားမယုံနိုင်ဟန်။သို့သော်ငြား တည်ကြည်လွန်းလှသော မျက်နှာထက် အပြုံးတို့ဖြစ်တည်နေခဲ့သည်မှာ ဘေးလူတွေကြည့်လျှင်တောင်အလွန်ပျော်နေမှန်းသိသာစွာ။ထို့အတူ Wonbin သည်လည်း သွားတန်းညီညီများပေါ်လာသည်အထိ ပြုံးရယ်နေသည်မှာ လှရက်လွန်းလှစွာပင်။

" Binn ကျွန်တော်ခုထိမယုံနိုင်သေးဘူး ၊ ဒါဆိုမင်းက ကျွန်တော့်ကို စတွေ့တည်းကချစ်မိသွားတာပေါ့ "

" အင်း "

" အချစ်ဦးလား ဟုတ်လား ၊ ကျွန်တော်က မင်းရဲ့အချစ်ဦးပေါ့ ဟုတ်လား Binn "

ဆွန်းဟန် အမေးကိုပြန်မဖြေတော့သော်လည်း တစ်ဖက်သို့လှည့်သွားကာ နားရွက်ဖျားလေးများနီရဲနေရုံသာမက ဘေးတိုက်မြင်နေရသော အပြုံးလေးက ဟုတ်သည်ဟုဝန်ခံလိုက်သလိုပင်။ထို့ကြောင့်  ဘေးကနေမြင်နေရသော Binn ၏ မေးရိုးပေါ်ကမှည့်နက်လေးကို ဆွန်းဟန် ဖျက်ခနဲလှမ်းနမ်းလိုက်တော့သည်။

" ကျွန်တော်ကိုကြည့်ပါအုံး Binn ၊ မင်းရှက်နေတာလား "

ဆွန်းဟန် အသံသည် ပျော်ရွင်မှုကြောင့် သေချာပေါက် ရယ်သံစွက်နေခဲ့သော်လည်း မျက်ဝန်းများက ချစ်ရသူအားမြတ်နိုးစွာကြည့်နေတာပင်ဖြစ်သည်။ ထို့နောက် Binn ၏ နောက်လက်တစ်ဖက်ကို ဆွဲကိုင်ကာသူ့ဘက်သို့လှည့်စေလိုက် တော့သည်။

He is MineWhere stories live. Discover now