He is Mine 6

126 20 0
                                    

ဆွန်းဟန် လက်တစ်ဖက်ကျဉ်တက်နေမှုဖြင့်အိပ်ယာမှနိုးလာခဲ့သည်။အိပ်ယာနိုးသည်ဆိုသော်ညား မျက်လုံးအစုံအားမဖွင့်နိုင်သေး။ကျဉ်နေသော လက်တစ်ဖက်ဖြင့်ပင်ထိုးကိုက်နေသောခေါင်းအားအသာဖိလိုက်မိသည်။

*အားယား ဘယ်လိုတောင်သောက်ထားမိလို့ဒီလောက်တောင်ခေါင်းတွေကိုက်နေတာပါလိမ့်။

ခနငြိမ်နေလိုက်ပြီး အနည်းငယ်သက်သာလာမှမျက်လုံးအားဖြည်းဖြည်းချင်းဖွင့်လိုက်သည်။မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်ကားမြင်နေကျ မျက်နှာကျက်မဟုတ်ဘဲ ဆွန်းဟန်ဘက်စောင်းအိပ်နေပါသော Wonbin။ ဆွန်းဟန် ဦးနှောက်ကိုအမြန်အလုပ်ပေးလိုက်ရသည်။ မနေ့ကနှစ်ယောက်သား မူးရူးပြီးသီချင်းတွေအော်ဆိုကာ အတော်လေးနောက်ကျမှ တစ်ယောက်ကိုတစ်ယောက်တွဲ၍အိပ်ခန်းထဲဝင်ခဲ့ခြင်းဖြစ်သည်။

ဆွန်းဟန် မျက်စိရှေ့မှလူကားနောက်တစ်ကြိမ်ပြန်ကြည့်မိတော့ အိပ်မောကျနေဆဲပင်။ အိပ်ယာနိုးနိုးချင်း ချစ်ရသူ၏မျက်နှာချောချောလေးကိုမြင်ရတာကောင်းလိုက်တာ။ ပိတ်ထားတဲ့မျက်ဝန်းတစ်စုံမှာ မျက်တောင်ရှည်တွေဟာပနံသင့်စွာ။ကော့ညွှတ်နေသည်လည်းမဟုတ်။ ဆွန်းဟန်လို တိုစိတ်စိတ်လေးတွေလည်းမဟုတ်။သို့သော် မျက်တောင်ရှည်လေးတွေဟာ ထိုလူသားနှင့် လွန်စွာပင်လိုက်ဖက်ညီလှသည်။

" ဟင်!! "

*Binnကငါ့ကိုဖက်ထားတာလား။

Wonbin၏ လက်ချောင်းသွယ်များသည်  ဆွန်းဟန်၏အဝတ်မပါသော ခါးပေါ်တွင် နေရာယူထားသည်။ အဝတ်မပါသည့်Binn ၏ ခါးတွင်လည်းဆွန်းဟန်လက်တစ်ဖက်ကအကျသား ဖက်လို့ထားသည်။နှစ်ယောက်စလုံး အပေါ်အင်္ကျီမဝတ်ထားသောအနေအထားနှင့် အိပ်နေကြခြင်းဖြစ်သည်။

ဆွန်းဟန်အသက်ပင်မရှုမိတော့။ဒါဘယ်လိုအနေအထားကြီးလဲ။နှစ်ယောက်စလုံးအဝတ်မပါဘဲတစ်ယောက်ကိုတစ်ယောက်ဖက်အိပ်နေတာက ဆွန်းဟန်ကိုရူးသွပ်စေနိုင်သည်။မဖြစ်ဘူး။ အမြန်ထမှဖြစ်မယ်။မဟုတ်ရင်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်သည်။

ဆွန်းဟန် အိပ်ယာမှအမြန်ထချင်ပေမယ့် ဖက်ထားသူ၏လက်အား ဖြည်းဖြည်းချင်းခွာကာ မနိုးသွားရန်သတိကပ်၍လုပ်နေရသည်။အိပ်နေတာတောင်သန်မာသည့်လက်တွေအား အချိန်တစ်ခုယူကာခွာပြီးသည်နှင့် ဆွန်းဟန်ရေချိုးခန်းထဲပြေးရပါတော့သည်။သို့သော် ရေချိုးခန်းမဝင် အိပ်နေသူ၏နဖူးပြင်အားနမ်းဖို့ မမေ့ခဲ့ပါ။

He is MineWhere stories live. Discover now