He is Mine 11

116 20 0
                                    

တစ်ရက်တစ်ရက် ပန်ချီးခန်းထဲတွင်ပဲ အချိန်တွေကုန်ဆုံးရင်း Wonbin နေ့နှင့်ညမှားလာရသည်။ဒီလိုအခြေအနေက သူကိုရီးယားသို့ပြန်ရောက်ပြီး 10လကြာသည်အထိဖြတ်သန်းခဲ့ဖူးပြီးဖြစ်သည်။ယခုတွင်လည်း ထပ်၍ဖြတ်သန်းနေရပြန်သည်။တိတိကျကျပြောရရင် ဆွန်းဟန် စာတစ်စောင်ရေးထားခဲ့ပြီး ပြန်သွားသည့်နေတည်းကဖြစ်မည်။အိပ်ခန်း‌တောင်မပြန်ဖြစ်ဘဲ သူမှတ်ဉာဏ်ထဲက တဝိုးတဝါးပြုံးရိပ်သေးသေးလေးကိုပုံဖော်ရေးခြစ်နေမိသည်မှာ ဘယ်နှစ်ရက်မှန်းပင်မသိတော့။ နေအလင်းရောင်ဆိုတာသူမသိသည့်အလားပင်ဖြစ်နေတော့သည်။

ဆွန်းဟန်နှင့်လည်း တစ်နေ့တစ်ခေါက်တော့ဖုန်းပြောဖြစ်ပါသည့်တိုင် ပြောသည့်စကားများက ရေရေရာရာမရှိ။ထမင်းစားပြီးပြီးလား၊ နေကောင်းလား ၊ ဂရုစိုက်နော် စသည့် စကားများသာဖြစ်ပြီး တစ်ခြားပြောစရာလည်းသူတို့တွင်မရှိပါ‌ချေ။ဆွန်းဟန်ကတော့ ဟိုမှာကြိုးစား၍သည်းခံနေနေရပုံပေါ်ပြီး သူကတော့ လေးလံမှုတွေကိုခေါင်းပေါ်ထမ်းတင်ထားရဆဲအခြေအနေပင်။

သို့ဖြစ်ပါသည့်တိုင် Wonbin သည်တည်ငြိမ်နေဆဲဖြစ်ပြီး တစ်ခါတစ်ရံတွင်လည်း အခန်းထောင့်ကပ်ကာ ငိုနေသည့်အချိန်များ‌လည်းရှိသည်။သူဟာအတွေး‌များနှင့် ရှုပ်ထွေးနေပြီး ဘာကိုမှမဆုံးဖြတ်ရဲသည့်အနေအထားပင်။သူ့တွင် ယခုအချိန်၌ ဆွန်းဟန်ရှိနေပြီဖြစ်ပြီး ထိုကလေးသည် သူ့အားငြိတွယ်‌‌လွန်းသည်မို့ Wonbin မှာဝေခွဲရခက်လှသည်။ထိုကလေး ပျော်ရွှင်မှုဟာ သူ့ထံ၌မူတည်နေသည်ဖြစ်ကာ သူသည်မှာလည်းထပ်တူပဲမို့ ပါးပါးအားလွန်ဆန်ဖို့ကိုသာတွေးတောနေမိပါတော့သည်။

* ကိုယ် မင်းကိုလက်မလွှတ်နိုင်တော့ဘူးထင်တယ်ဆွန်းဟန်...*

~

တစ်ဖက်တွင်လည်း ဆွန်းဟန်သည် အချိန်တွေ မြန်မြန်ကုန်သွားဖို့ကိုသာမျှော်လင့်နေပြီး ဒီအခြေအနေကိုပြောင်းလဲပစ်ချင်နေပြီဖြစ်သည်။ဖုန်းထဲတွင် Binn၏အသံမှာ သိသိသာသာပြောင်းလဲနေသည်မို့ ပို၍ပင်စိတ်ပူနေရသည်။ပြေးတွေ့လို့မရသောအခြေအနေတွင် ဆွန်းဟန်သည်လည်း အားမလိုအားမရ‌ဖြစ်နေကာ အဝေးမှဒယ်ဒီ့ကိုပင် စိတ်ဆိုးမိနေသေးသည်။

He is MineWhere stories live. Discover now