He is Mine 12

106 17 0
                                    

ဆွန်းဟန်သည် သူဖွင့်ပြောပြီးသည့်ထိုနေ့မှစ၍ Wonbin အနားကပ်နေသည်မှာခွာ၍ပင်မရ။သူလည်း အလုပ်မသွားသလို Wonbin ကိုလည်းမသွားခိုင်း။အစွန်းဆုံ သူ့အိမ်တောင်မပြန်ပေ။ဒယ်ဒီနဲ့စိတ်ဆိုးနေတုန်းဟုပြော အိပ်ပြန်ခိုင်းသည်ကိုမပြန်ဘဲပေကပ်နေသည်မှာ မီယွန်းတို့ မြို့ငယ်လေးဆီမှပြန်လာတည်းကဖြစ်ကာ တစ်ပတ်လောက်ပင်ရှိပြီဖြစ်သည်။

သူတို့သည် မီယွန်းတို့အိမ်တွင် တစ်ညအိပ်ခဲ့ပြီး မီယွန်းကတော့သူတို့နှစ်ယောက်ရောက်လာခြင်းအပေါ် လွန်စွာပျော်မြူးနေလေသည်။ထို့အပြင် မီယွန်း၏မိဘများကလည်း Wonbinအားဖော်ရွေစွာဆက်ဆံကြပြီး သူ့အား ဆွန်းဟန်၏ သက်ဆိုင်သူဟုထင်နေကြခြင်းလည်းဖြစ်သည်။ မနက်ခင်းတွင် မီယွန်းနှင့်အတူမြို့ငယ်လေးအား လျှောက်လည်ခဲ့ပြီး မီယွန်းပူဆာသမျှအား တစ်ချက်မငြီးမငြူဘဲ အပြုံးမပျက်အလိုလိုက်နေသော ဆွန်းဟန်ပုံရိပ်သည် Wonbin မှတ်ဉာဏ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့တော့သည်။ထို့နောက် သူတို့ဟာ နေ့လယ်ခင်းအချိန်တွင်တော့ Wonbin တိုက်ခန်းရှိတာအရပ်သို့ပြန်လာခဲ့ပါတော့သည်။

ယခုအချိန်တွင်  Wonbin  တစ်ယောက်တည်းဖြစ်နေရခြင်းမှာ ဆွန်းဟန်အိပ်ရာမနိုးသေး၍ဖြစ်ပြီး နိုးတာနဲ့ Wonbin ကိုမတွေ့ပါက သူနိုးသည်အထိမစောင့်၍ စိတ်ကောက်အုံးမည်ပင် ။သူ့ကိုကြောက်ပေါက်လို့ စ ခေါ်ခဲ့တာကိုပင် Wonbin နောင်တရချင်လာသည်။Wonbin ဟာ
ဆွန်းဟန်အကြောင်းတွေးရုံနှင့်ပင် မျက်နှာထက်အပြုံးတွေဝေနေပြီး ဒါသည်လည်း အကျင့်တစ်ခုလို့ဖြစ်လာတော့သည်။

တီး တောင် တီး တောင်

ဧည့်သည်လာမည်သူမရှိသည့် သူ့တိုက်ခန်းသည် ဘဲလ်မြည်နေသည်မို့ Wonbin ခဏကြောင်သွားသော်လည်း တံခါးထဖွင့်လိုက်သည်။စိတ်ထဲတွင်တော့ ဆွန်းဟန်တစ်ခုခုမှာထား၍ဖြစ်မည်ဟုထင်လိုက်သော်လည်း မနက်စောစောတော့ လာမပို့တတ်ပါချေ။

တံခါးဖွင့်‌လိုက်တော့ မြင်လိုက်ရသူကား အခန်းထဲမှာ အိပ်နေသူနှင့်ချွတ်ဆွတ်ပင်
ဖြစ်ပြီး မျက်ဝန်းလေးများကတော့အနည်းငယ်ကွဲသယောင်ပင်။ သို့သော်ငြား ဟုန်းအသေးစားလေးကပို၍ချောသည်ဟုထင်မိသည်။

He is MineWhere stories live. Discover now