He is Mine 7

130 18 3
                                    

Wonbin မရောက်တာတစ်လကျော်ကြာပြီဖြစ်သော ဆိုင်အတွင်းသို့ဝင်လိုက်သည်နှင့် ရင်းနှီးနေကြ အကိုဆူမင်း၏ သီချင်းဆိုသံက နားထဲသို့ အရင်တိုးဝင်လာသည်။ဘာမှမပြောင်းလဲသည့် ဆိုင်လေးထဲ မျက်မှန်းတန်းမိနေသည့်လူများ၊အခုမှမျက်နှာသစ်လူများကို တစ်ချက်ဝေ့ကြည့်ရင်း band နားသို့ Wonbinလျှောက်သွားလိုက်သည်။

အကိုဆူမင်းက Wonbin ကိုမြင်သည်နှင့် ပြုံးပြလာကာ သီချင်းဆိုနေသည့်တစ်လျှောက်လုံး Wonbin ဆီမှအကြည့်မရွေ့တော့။

Band နားတွင်တော့ Wonbin မရင်းနှီးသည့်ကောင်လေးတစ်ယောက်ထိုင်နေသည်။ဖြစ်နိုင်တာ အကိုဆူမင်း အသစ်ခေါ်ထားခြင်းပဲဖြစ်ရမည်။ ဖုန်းကြည့်နေသည်မို့ Wonbin သူ့အနားသို့ရောက်သွားသည့်တိုင် ထိုကောင်လေးက ရိပ်မိပုံမပေါ်။

သီချင်းတစ်ပုဒ်ပြီးတော့ အကိုဆူမင်းက ထိုကောင်လေးနဲ့ စကားခဏပြောကာ လူချင်းလဲပြီး Wonbin ဘေးသို့လာထိုင်သည်။ခုထိအံ့ဩနေဆဲမျက်နှာတွင် Wonbin ကိုပြန်တွေ့ရလို့ ပျော်နေဟန်လည်း ပေါက်နေသေးသည်။

" အကိုက မင်းပြန်မလာတော့ဘူးထင်နေတာညီ ၊ တစ်လျှောက်လုံး စိတ်ပူနေခဲ့ပေမယ့် ဖုန်းဆက်တော့လည်း စက်ပိတ်ထားတော့...၊ ပြီးတော့ ကိုယ် ဘယ်ကိုဘယ်လိုလိုက်ရှာရမှန်းလည်းမသိဘူးကွာ "

စိုးရိမ်မှု အမူအယာတွေဖြတ်ပြေးနေတဲ့ အကိုဆူမင်းအား Wonbin ဘယ်လိုတုန့်ပြန်ရမည်မှန်းမသိပါ။ ဖြေရှင်းချက်ပေးဖို့အကောင်းဆုံး စကားလုံးများကိုသာ ရှာဖွေးစဉ်းစားနေမိသည်။ သို့သော်ကား စဉ်းစား၍မတတ်။

" ဒီကိုပြန်မလာလို့... ကျွန်တော့်မှာသွားစရာနေရာမှမရှိတာ "

Wonbin ဒါ‌ကိုတော့အမှန်တိုင်းပြောလိုက်တာပင်။ ကိုယ်ပိုင်တဲ့ Bar ကိုပြန်မလာလို့ ဘယ်ကိုသွားရမှာလဲ။ ဒီ Bar က Wonbin အပိုင်မှန်း သူရယ် သူ့မန်နေဂျာရယ်ပဲသိသည်။ ဆိုင်တစ်ဆိုင်လုံးကို မန်နေဂျာနှင့်သာလွှဲထားသည်မို့ အကိုဆူမင်းတို့သည်လည်း မန်နေဂျာကြီးကိုသာ ဆိုင်ရှင်ထင်နေကြတာဖြစ်သည်။အဲ့လိုဖြစ်အောင်လည်း Wonbin က တမင်ခိုင်းခဲ့တာ။မဟုတ်ရင် ပါးပါးက သူ့ကို ရှာတွေ့သွားအုံးမည်ပင်။

He is MineHikayelerin yaşadığı yer. Şimdi keşfedin