He is Mine 10

101 13 0
                                    

အထပ်မြင့်တိုက်ပေါ်မှ မြင်နေသောမြင်ကွင်းများက ဆွန်းဟန်စိတ်ကို ကြည်လင်ပေးနိုင်သလိုရှိပေမယ့် တကယ်တမ်းတော့ အရာမရောက်။မနက်တည်းက ခေါ်နေသောဖုန်းက နေ့လယ်ခင်းအချိန်ထိဖြေသူမရှိ။ထပ်ပြီးပျောက်သွားအုံးမှာလားတွေရင်း စိတ်ကရှုပ်ထွေးလာရသည်။ ဆွန်းဟန် အဲ့ဒီလူသားအား ပြေးတွေ့ချင်မိသည်အထိလွမ်းမိသည်။တစ်ချိန်တည်းမှာပဲ သူဘယ်လောက်ထိချစ်မိနေကြောင်း ခံစားလိုက်ရသည်။လက်လွှတ်မိသွားလို့ မဖြစ်ဘူးဆိုသည့်အတွေးလည်း ဝင်မိသည်။

က‌တောင်*

ဖုန်းမှမက်စ်ဆေ့ပို့သံ ထွက်လာသဖြင့် ဆွန်းဟန်မျှော်လင့်တကြီး ယူကြည့်လိုက်ပေမယ့် တမ်းတနေသူတော့မဟုတ်။အဲ့အစား
ဆွန်းဟန်၏အတွင်းရေးမှုဆောပင်။

* ပုံတွေပို့ထားပြီအကိုလေး *

ဆွန်းဟန်မရှိသည့်ရက်အတွင်း Binn ကိုစောင့်ရှောက်ထားဖို့ အတွင်းရေးမှုးဆောကိုတာဝန်ပေးခဲ့တာဖြစ်သည်။ထပ်ပြီးပျောက်သွားမှာ စိုးရိမ်တာကတော့အဓိကပင်။ အတွင်းရေးမှုးဆောကစိတ်ချရသည် *အကိုလေးအလွမ်းပြေကြည့်ဖို့ * ဟုဆိုကာနေ့တိုင်းBinnပုံလေးတွေပို့ပေးတတ်သည်။ဒီနေ့တော့အနည်းငယ်စော‌ပို့ပေမယ့် ဆွန်းဟန်ဘာမှမတွေးဖြစ်။အတွင်းရေးမှုဆော ပို့ပေးသည့်ပုံများကို အလောတကြီး ကြည့်လိုက်သည်။

* တောက်

ဒါကဘယ်သူလဲ။ ဒီအမျိုးသမီးကိုBinnနားမှာတစ်ခါမှ မမြင်ဖူးခဲ့။သို့သော်ပုံထဲတွင် တစ်ဖက်မိန်းကလေးက Binn ကိုဖက်ထားကာ ပုခုံးစွန်းကိုနမ်းနေသည်။ဘေးဘက်ကလှမ်းရိုက်ထားပေမယ့် နမ်းနေတာသေချာပါသည်။

" ဟာကွာ...တောက် "

ဆွန်းဟန် ဖုန်းကိုပါကိုင်ပေါက်မိကာ လက်သီးက နံရံကို အဆက်မပြတ်။
ဆွန်းဟန် တစ်ချိန်လုံးခေါင်းစဉ်တပ်မရသည့်ဆက်ဆံရေးတွင်ပျော်ဝင်နေခဲ့မိတာပဲ။အဲ့တာဘယ်သူလဲ Binnနဲ့ဘယ်လိုပတ်သတ်နေတာလဲ သူမစဉ်းစားချင်တော့။သူသိတာတစ်ခုတည်း Binnကိုသူမရ ရအောင်ယူမည်ဖြစ်သည်ဆိုတာပင်။

ထို့နောက် ယခုန ကိုင်ပေါက်ထားသောဖုန်းကိုပြန်ကောက်ကာ အတွင်းရေးမှူးဆောဆီဖုန်းခေါ်လိုက်သည်။

He is MineTahanan ng mga kuwento. Tumuklas ngayon