Part - 1 ( Uni + Zaw )

668 27 2
                                    

Part - 1

                                             

ညဆယ့်နှစ်နာရီကျော်မှ အိမ်ရှေ့မှာရပ်လိုက်သည့်ကားသံကြောင့် ဦးမြတ်မင်း ခန္ဓာကိုယ်ကိုမတ်မတ်ပြန်ထိုင်လိုက်သည် ။ ဘေးနားမှာဖုန်းသုံးရင်းထိုင်နေသည့်ဇနီးသည်ကတော့ ဦးမြတ်မင်းဘက်ကို တစ်ချက်ငဲ့ကြည့်လာရင်း

" အစ်ကို့သား ဒီနေ့ပြန်လာတာစောသားပဲ ။ခါတိုင်းဆို
မိုးလင်းခါနီးရင်နီး မနီးရင်မိုးလင်းပေါက်ပဲ "

ဇနီးဖြစ်သူ၏စကားကြောင့် ဦးမြတ်မင်းသက်ပြင်းချလိုက်ရင်း သားအိမ်ထဲဝင်လာမှာကို စောင့်နေလိုက်သည်။ ခဏကြာတော့ လေလေးတချွန်ချွန်နှင့် ကားသော့ကိုလက်ထဲမှာလှည့်ပတ်ဆော့ရင်း အိမ်ထဲဝင်လာသည့် သားတော်မောင် ။ ဧည့်ခန်းထဲမှာထိုင်နေသည့် အဖေလုပ်သူကိုတွေ့တယ်ဆိုရင်ပဲ အံ့သြသွားပုံနှင့် မျက်ခုံးတစ်ချက်ပင့်လိုက်ကာ အပေါ်ထပ်ကိုတက်ဖို့ ခြေလှမ်းပြင်နေသည် ။

" ရဲရင့်သွေး "

ဦးမြတ်မင်းက ခေါ်လိုက်ပေမည့် တစ်ချက်တောင်လှည့်မကြည့်ချေ။

" ဟေ့ကောင် ရဲရင့်သွေး! မင်းအဖေ ငါခေါ်နေတယ်လေ  နားမပါဘူးလား "

အော်ခေါ်သံအဆုံးတွင် လှေကားပေါ်ကနေ နောက်ပြန်လှည့်ကြည့်ရင်း သူ့ကိုယ်သူ လက်ညှိုးနဲ့ပြန်ထိုးပြလာ၏။

" ကျွန်တော့်ကို ခေါ်နေတာလား "

" ဟာ! ဒီကောင်တော့ ရဲရင့်သွေးဆိုတာ မင်းနာမည်မဟုတ်ဘူးလား ။ မင်းကိုမခေါ်လို့ ငါက ဘယ်သူ့ကိုခေါ်ရမှာလဲ "

" အော်! ! မသိဘူးလေ အဖေနဲ့ကျွန်တော်က တစ်နှစ်လုံးကြာမှ တစ်ခါလောက်မျက်နှာချင်းဆိုင်ဖြစ်တော့ အခုလဲ ကျွန်တော့်ကိုခေါ်တာလို့မထင်လိုက်လို့ပါ ။ကျွန်တော့်ကိုခေါ်တယ်ဆိုတော့လဲ ဟုတ်ကဲ့  ပြောပါခင်ဗျာ "

" မင်းအိမ်ပြန်လာတာ  ဘယ်အချိန်ရှိနေပြီလဲ "

"အချိန်မေးဖို့များ ကျွန်တော့်ကိုစောင့်နေစရာလား ။  အိပ်ရေးပျက်လို့ ။ အိမ်မှာနာရီတွေရှိနေတယ်လေ ။ကိုယ့်ဘာသာကြည့်လိုက်ပေါ့  "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now