Part - 13( Uni + Zaw)

176 11 3
                                    

Part - 13

           

ရဲရင့်တစ်ယောက် တစ်နေ့တာကို စာသင်လိုက်၊စာကျက်လိုက်နဲ့ဖြတ်သန်းလာတာ အခုဆိုစာမေးပွဲလည်းဖြေရတော့မည် ။ ဒီကြားထဲ သူငယ်ချင်းမြတ်သူတို့အဖွဲ့နဲ့တောင် မတွေ့ဖြစ် ။သူတို့လည်း စာမေးပွဲပြန်ဖြေမည်ဆိုပြီး ကျူရှင်တွေပြန်တက်နေကြသည်။

ဒီနေ့တော့ တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေထွက်
ဝယ်ရင်း မြတ်သူတို့နဲ့ချိန်းလိုက်၏။ လူစုံတော့ ထုံးစံအတိုင်းသောက်ကြစားကြ။ ကိုယ်ကတော့ အိမ်ပြန်ရင် အဖိုးကြီးပေါက်စရဲ့ ဆူညံပူညံတွေကိုမကြားနိုင်လို့ နည်းနည်းပဲသောက်ဖြစ်သည်။ သူငယ်ချင်းတွေက ကိုယ်ဘယ်မှာနေလဲအတင်းမေးနေပေမည့် သူတို့
အလည်လာရင် ကိုယ်တွေရဲ့နှစ်ယောက်ထဲကမ္ဘာ
လေးပျက်စီးမှာကြောက်လို့ လိပ်စာကိုမပြောခဲ့ချေ။

ကိုကိုနဲ့ ပြဿနာဖြစ်,အတူနေခဲ့ပြီးသည့်နောက်ပိုင်း သူ့ကိုချစ်နေပါတယ်လို့ဝန်ခံထားပေမည့် မြတ်သော
မောင်လေးက အခုထိ မသိသလိုနေတုန်း။ အရင်က ကိုယ့်ကိုကိုယ်ဒေါသကြီးလှပြီထင်ပေမည့် ကိုကိုက ကိုယ့်ထက်ပင်ဒေါသကြီးနေသေးသည်။ အခြားသူ
တွေကိုချေခဲ့သမျှ ဝဋ်လည်နေပုံက ညဘက်လေး
ဖက်အိပ်ရဖို့တောင် တောင်းတောင်းပန်ပန်ပြောနေရသည့်ဘဝ။ လှပသော ဝဋ်ပဲဆိုပါတော့ ။

" ရဲရင့် မင်းစာမေးပွဲပြန်ဖြေတာ အခြားလူတစ်ယောက်ပြန်ဖြေခိုင်းလို့လား "

" အေး ! ဟုတ်တယ် "

မေးလာသည့်စကားကို ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

" ဗုဒ္ဓေါ!  မင်းကိုဒီလိုတွေအမိန့်ပေးနိုင်တဲ့သူကို ေ-ာက်ရမ်းတွေလေးစားနေပါပြီနော်  ငါတို့နဲ့လဲမိတ်ဆက်ပေးကွာ "

" မင်းတို့နဲ့ မိတ်ဆက်ပေးဖို့နေနေသာသာ  ငါတောင် သူ့အနားကပ်ခွင့်ရဖို့ မနည်းကြိုးစားနေရတာ "

" ထပ်ဆင့်ဗုဒ္ဓေါပဲဟေ့ကောင် ၊ မင်းလိုလူကိုတောင် ချေနေတဲ့သူဆိုရင်တော့ တော်တော်လေးစားဖို့ကောင်းနေပြီ ။ ရဲရင့်!  ရဲရင့် ! အမြဲလိုတရနေတဲ့ကောင်  ခုတော့ဘယ်နှယ့်ရှိစ အချစ်ကပေးတဲ့ ဒုက္ခပါလား "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawOnde histórias criam vida. Descubra agora