Part - 3 ( Uni + Zaw )

458 22 1
                                    

Part - 3

                   

မေမေထွက်သွားတော့ ရေချိုးခန်းကိုဝင်ပြီး အချိန်ဆွဲနေလိုက်သည်။ ရဲရင့်ပြောသလိုသာဆို အန်ကယ်ရော မေမေပါ လူမှုရေးပြဿနာတွေရှိခဲ့တာ သေချာနေပြီမို့ မျက်နှာချင်းမဆိုင်ချင်တော့တာလည်းပါသည် ။ အန်ကယ့်ကိုအဖေလိုမဟုတ် သည့်တိုင် အုပ်ထိန်းသူတစ်ယောက်အနေဖြင့်လေးစားခဲ့၏။ကိုယ်တိုင်ကတော့ မေမေတို့ဇာတ်လမ်းကို တကယ်မသိခဲ့ပါ ။

အဖေဆိုတာကိုမသိခဲ့မမြင်ခဲ့ရသည့်ကိုယ့်အတွက် ပွဲစားအလုပ်ဖြင့် သားဖြစ်သူကို ခက်ခက်ခဲခဲရှာဖွေကျွေးမွေးခဲ့သည် မေမေသည်သာ အားကိုးတွယ်တာရာဖြစ်ခဲ့သည်။ နောက်အိမ်ထောင်ပြုမည်ဆိုလာတော့လည်း စိတ်ချမ်းသာအောင်ခွင့်ပြုပေးခဲ့သည်။ ကိုယ့်အပေါ်မှာ တာဝန်ကျေလွန်းသည့်အန်ကယ်ကိုယ်တိုင်ကလည်း သားအရင်းဖြစ်သူကိုတော့ ပစ်ပယ်ထားသည်တဲ့လား။

အမေတစ်ယောက်လုံးဆုံးရှုံးခဲ့ရတဲ့ ရဲရင့်ရဲ့စိတ်ခံစားချက်ကို ဘာလို့ထည့်မတွက်တာလဲ ။ ရဲရင့်နေရာမှာ ကိုယ်သာဆို အခုလောက်ထိ ရပ်တည်နေနိုင်မှာတောင်မဟုတ်ဘူး ။ တကယ်ကိုခက်ခဲတဲ့အခြေအနေမှာတောင် အများကြီးပျက်စီးမသွားအောင် သူ့ကိုယ်သူထိန်းနိုင်တာ တကယ်ကိုတော်လွန်းလို့ပါ ။ ကိုယ်တောင်းပန်ပါတယ် ရဲရင့်ရယ် ။မိဘတွေကိုယ်စား ကိုယ်ကပဲ တောင်းပန်ပါ့မယ် ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

ကိုယ့်ကိုတွေ့တိုင်း အမြဲစကားချိုချိုပြောတတ်တဲ့ကြီးမြက
ဒီနေ့တော့ တိတ်ဆိတ်စွာ အလုပ်လုပ်နေတာမို့ စိတ်ထဲမှာအဆင်မပြေ ။ ရဲရင့်ဆိုတာ ကြီးမြရဲ့အချစ်တော်မို့ ရဲရင့် အိမ်ပေါ်ကဆင်သွားသည့်ကိစ္စမှာ ကိုယ်တွေကိုပါ စိတ်ခုနေလားမသိနိုင်ဘူးလေ ။

" ဟို  ကြီးမြ "

" ဘာလိုလို့လဲသား  ကြီးမြ ဘာထပ်လုပ်ပေးရမလဲ "

" ဟိုလေ ဘာမှမလိုပါဘူး ကျွန်တော်မေးစရာလေး ရှိလို့ပါ"

" မေးလေသား ဘာမေးစရာရှိလို့လဲ "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawΌπου ζουν οι ιστορίες. Ανακάλυψε τώρα