Part - 15 ( Uni +Zaw)

203 13 2
                                    

Part -15

         

အိပ်ရာနိုးတဲ့အချိန် တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်လို့ခံစားရတာကြောင့် မျက်လုံးဖွင့်ပြီးကြည့်လိုက်မိသည်။ ထိုအချိန်တွင် ရဲရင့်က ကိုယ့်ခေါင်းကို သူ့ရင်ဘက်ပေါ်တင် ထားပြီး သေသေချာချာကိုကြည့်နေတာကြောင့် အိပ်ရာမှထဖို့ပြင်လိုက်မိသည်။ ဒါပေမဲ့ ရဲရင်ကပြန်ဆွဲထားတာကြောင့်

" ဘာတွေကို အဲလောက်ကြည့်နေတာလဲ "

မေးလိုက်သည့်စကားကြောင့် ရဲရင့် ပြုံးလိုက်ရင်း

" ကိုကို အိပ်နေပုံလေး ချစ်စရာကောင်းလို့လေ "

" ဖြန်း!! "

" အား ! ရိုက်ပြန်ပြီကိုကိုရာ  နာတယ်ဗျ ။ သူ့အသားမဟုတ်တိုင်း မညှာမတာ။  ဘယ်သူမှ လေနဲ့တောင် မမှုတ်ရဲတဲ့ ကျွန်တော့်ကို ကိုကိုပဲအားတိုင်းရိုက်နေ။ ချစ်လွန်းလို့ သည်းခံနေတာနော် "

" ဘာလို့ပေါက်ကရတွေပြောသေးလဲ "

" ကျွန်တော်ဘာပြောပြော ပေါက်ကရပြောတယ်ပဲထင်နေတာလား။ တစ်ခါတလေ ယုံကြည်ပေးလိုက်တော့ ဘာဖြစ်မှာမို့လဲ "

" မသိဘူး အဲလိုတွေကြားရရင် ငါနေရခက်တယ် "

" နေရကလဲ အမြဲခက်နေတာပဲ "

" ဘာပြောတယ်! "

" ဘာမှမဟုတ်ဘူး ချစ်တယ်လို့ "

" အပိုတွေ "

" ပြောပြန်ပြီ အဲလိုမျိုးတွေ "

" မင်းက ယုံရတာမဟုတ်ဘူး "

" မယုံဘဲနဲ့ ဘာလို့ အတူတူနေပေးသေးလဲ "

" ------------- "

" ဖြေလေ  အဲဒါကြပါးစပ်ပိတ်နေတယ်။ မနက်စောစောစီးစီး ကြည်နူးနေတဲ့စိတ်လေးတောင်ပျောက်သွားပြီ ။ ကိုကိုကလေ ကျွန်တော်စိတ်မကောင်းဖြစ်အောင် သိပ်ပြောတာပဲ "

ရဲရင့်ပုံစံက တကယ်ကိုစိတ်မကောင်းဖြစ်သွားတဲ့ပုံစံမို့

" ငါက အဲလိုသဘောမျိုးပြောတာမဟုတ်ပါဘူး ။ မင်းဒီကိုစရောက်တုန်းက သူရဆိုပြီး မှားခေါ်ဖူးတယ်လေ။ ငါစိုးရိမ်နေတာမှားလား "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawΌπου ζουν οι ιστορίες. Ανακάλυψε τώρα