Part - 2 ( Uni+ Zaw )

340 21 1
                                    

Part - 2

                 

                 

ဒေါ်နှင်းဆီတစ်ယောက် သူ့ရဲ့သား မြတ်သောမောင်ကို
အတင်းဆွဲခေါ်သွားလေသည် ။ ဖေဖေကတော့ ကိုယ့်ကို
ဒေါသကြီးနေသည့်မျက်ဝန်းတွေဖြင့်စိုက်ကြည့်နေဆဲ။

" မင်းမရှက်ဘူးလား ရဲရင့် ဟင်! လူတကာက အခြောက် လို့အခေါ်ခံရတာ ပျော်စရာလို့ထင်နေလား ။မင်းမှာရှက်တတ်တဲ့စိတ်မရှိဘူးလား ။ဒီလောက်တောင် အသိတရားမဲ့ရလားကွာ "

ဖေဖေ့စကားကြားလိုက်တယ်ဆိုရင်ပဲ ရီလိုက်မိတော့သည် ။ * မေမေရေ  မေမေ့ယောကျ်ား ကျွန်တော့်အဖေက
အရှက်တရားအကြောင်း လာပြောနေတယ်ဗျို့ ။ဘယ်လောက်တောင်ရီစရာကောင်းလိုက်သလဲ။  ကမ္ဘာပေါ်မှာရီစရာအကောင်းဆုံးဟာသတွေကို ကြားလိုက်ရသလိုပဲနော်။ မေမေရော ဟားတိုက်ရီနေမလား သိချင်လိုက်တာ * လို့ ခပ်ရွဲ့ရွဲ့တွေးလိုက်မိတော့၏။

" အစ်ကို့်သားက အသိတရားမရှိလို့သာ အခုလိုလုပ်တာပေါ့။အဖေရှာသမျှပိုက်ဆံကို ထိုင်းပြီးဖြုန်းချင်ရင်လဲ သိက္ခာရှိရှိဖြုန်းလေ ခုဟာက သူမို့အရှက်မရှိတယ် "

" မေမေရယ်!!!  တော်ပါတော့ဗျာ အခုကိစ္စကို ရဲရင့်တို့
သားဖတွေပဲရှင်းပါစေ။  မေမေကဝင်မပြောပါနဲ့ မသင့်တော်ပါဘူး။ သား တောင်းပန်ပါတယ် "

" ဟဲ့ ! ဝင်မပြောလို့ရမလား။ တစ်ခုခုဆို နင့်ယောကျ်ားရဲ့သားကဆိုပြီး လာလာပြောတာ ဘယ်လောက်ရှက်စရာကောင်းလဲ "

ဒေါ်နှင်းဆီရဲ့စကားအဆုံးမှာတော့ အကျယ်ကြီးအော်ရီလိုက်မိပါတော့သည်။

" ဒေါ်နှင်းဆီ ခင်ဗျားကရှက်တယ် ဟုတ်လား ဟား !! ဟား !! ဟားး !! ခင်ဗျားလိုလူက ရှက်ရမှန်းသိတယ်ပေါ့ ဟား !!  ဟား !! ဟား !! အရှက်တရားအကြောင်း သိတယ်ပေါ့ ဟား !! ဟား !! ဟား !! ရီလိုက်ရတာဗျာ ေ-ာက်ဆန်းကြီးတွေ ကြားနေရတယ် "

" ရဲရင့် ! မင်းကို ဘယ်လိုဆုံးမမှာ ရိုင်းစိုင်းနေတာတွေကို
ပြင်မှာလဲ ၊ မင်းကိုမင်းဘာထင်နေလဲ။ ဘာလဲ  ဒီမိသားစုအရှက်ကို ရသမျှခွဲမယ်လို့တွေးနေတာလား "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now