Part- 5 ( Uni+Zaw)

241 15 2
                                    

Part - 5

         

မီးလင်းတဲ့အချိန် ထမင်းစားခန်းထဲမှာထိုင်နေသည့်ရဲရင့်ကိုမြင်လိုက်ရတာကြောင့်လန့်သွားရလေသည်။ သူ့အဆောင်ကိုမပြန်ဘဲ ဒီအခန်းထဲမှာထိုင်နေတာလား။

" မင်းအခုထိ မပြန်သေးတာလား "

" ကျွန်တော် တောင်းပန်ချင်လို့စောင့်နေတာပါ "

" တောင်းပန်မယ်!!!  ဟုတ်လား "

" မနက်က ကျွန်တော်လွန်သွားတယ်ထင်လို့ပါ "

" ရပါတယ် မတောင်းပန်နဲ့တော့။ မင်းကို ဒီအထိခေါ်လာမိတာငါလေ ။ ငါခေါ်လာမိလို့ ငါအစော်ကားခံရတာ ။ ငါ့အမှားပဲ "

" ကိုကိုက ကျွန်တော်ဘယ်လိုတောင်းပန်မှ ခွင့်လွှတ်မှာလဲ "

ရဲရင့်၏ ပြောင်းလဲခေါ်လိုက်တဲ့ ကိုကိုဆိုသည့်နာမ်စားကြောင့် မောင်က မျက်ခုံးကိုပင့်လိုက်ရင်း

" မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ ရဲရင့် "

" ကိုကိုလို့ ခေါ်လိုက်တာ ။ ကျွန်တော့်ထက်ခုနစ်နှစ်
တောင်ကြီးတဲ့သူမို့ခေါ်တာ မရဘူးလား "

" မရဘူး မြတ်သောမောင်လို့ပဲခေါ် ။ငါ့ကို ရိုသေပြ
မနေနဲ့  နေရတာအဆင်မပြေဘူး။ ပြီးတော့ ငါနဲ့မင်း ထပ်ပြီးပတ်သက်စရာ ဘာအကြောင်းမှမရှိတော့ဘူး "

" ကျွန်တော့်ကို ခွင့်မလွှတ်ဘူးပေါ့ ။ မှားမှန်းသိလို့
တောင်းပန်တာကို လက်မခံချင်ဘူးဆိုတော့လဲ
ရတယ်လေ ။ ခွင့်လွှတ်ဖို့်မတန်တဲ့ကောင်ဆိုတော့ ကိုယ့်ဘာသာအပြစ်ပေးရတာပေါ့ "

ပြောပြီးတာနှင့် နံရံကို လက်သီးနဲ့အားကုန်ထိုးချလိုက်တော့သည်။ မထင်ထားသည့်ကိစ္စမို့ မောင်တစ်
ယောက် ကြောင်ပြီးငေးကြည့်နေမိတုန်း တစ်ချက် ..
နှစ်ချက် ..သုံးချက်မြောက်မှာတော့

" ရဲရင့် ! ရဲရင့် ! တော်တော့ တော်တော့ဆို ။ရူးနေတာလား အသားအနာခံနေရအောင် "

လက်ကိုအတင်းဝင်ဆွဲပေမည့် လက်ဆစ်နေရာမှာ
သွေးအလိမ်းလိမ်းထွက်နေလေပြီ။ သွေးတွေက နံရံမှာပါအထင်းသား ။ကိုယ်က အခုလိုသွေးသံရဲရဲမြင် ကွင်းတွေနှင့် အသားမကျသူ။သူက စိတ်ရှိတိုင်းရမ်းကားတတ်တဲ့သူ ။ နောက်ဆုံးတော့ ပင်ကိုယ်စိတ်ခံ နူးညံ့သနားတတ်သည့်သူကသာအရှုံး။

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now