Part - 10 ( Uni + Zaw )

179 10 1
                                    

Part - 10

        

မနေ့ကတစ်မနက်လုံး ပြဿနာတက်ပြီးမနားလိုက်ရပေမည့်ညနေဘက်မှာ ပြန်အဆင်ပြေသွားခဲ့သည်။ ဒီမနက်အိပ်ယာ နိုးတော့ ရဲရင့်ကိုမတွေ့ရချေ။ မျက်နှာသစ်ပြီး ဧည့်ခန်းထဲလာသည့်အချိန်မှာ စားပွဲခုံပေါ်မှာ မြန်မာမုန့်တွေကို ပန်ကန်တွေနဲ့အစီအရီထည့်ထားတာနည်းတာမဟုတ် ။ ကိုယ့်ကိုတွေ့တာနဲ့

" ကိုကို! မြန်မာမုန့်ကြိုက်တယ်ဆိုလို့ ကျွန်တော်အစောကြီး သွားဝယ်လာတာ  ကုန်အောင်စားရမယ်နော် "

" ဟမ်!  ဒီလောက်အများကြီးကို ကုန်အောင်းစားရအောင် ငါကဝက်မှမဟုတ်တာ မင်းပဲစား "

" မရဘူး စားကိုစားရမယ် ။ ဒါရန်ကုန်မြို့ရဲ့ အကောင်းဆုံးဆိုင်ကနေဝယ်ထားရတာ "

ပြောရင်းနဲ့ရီနေတာမို့

" အရူး! ဘယ်ကဝယ်ဝယ် အဲလောက်အများကြီးဝယ်စရာလား ။ မင်းပဲကုန်အောင်စား "

" ကိုကို မစားဘူးလား "

" မစားဘူး "

" မစားရင် ချုပ်ကျွေးမယ်ကွာ "

ပြောပြီးတာနဲ့ လိုက်ဖမ်းနေတာကြောင့် ဧည့်ခန်းထဲပတ်ပြေးနေရ၏။ ခဏကြာတော့ ကိုယ့်ကိုဖမ်းမိသွားပြီး ကြမ်းပြင်ပေါ်လှဲချလိုက်တော့သည်။ ကိုယ်ကရုန်း သူကချုပ်ထားနှင့်နှစ်ယောက်သားလူးလှိမ့်နေလေ၏ ။ နှစ်ယောက်စလုံးရီသံတွေ အခန်းထဲပျံလွင့်နေချိန် အခန်းတံခါးပွင့်သွားကာ
လူတစ်ယောက်ဝင်လာတော့သည်။

" ကြီးမြ!  "

<<<<<<<<<<<<<<<>>>>>>>>>>>>>>

ဒေါ်မြတစ်ယောက် မျက်စိရှေ့မြင်နေရတဲ့နှစ်ယောက်ကိုအံ့သြလွန်းလို့ ဘာစကားမှတောင် မပြောနိုင်တော့ပါဘူး ။ သုံးနှစ်လောက် တစ်အိမ်ထဲနေခဲ့ကြတာတောင် မျက်နှာချင်းဆိုင်စကားမပြောခဲ့တဲ့သူတွေက အခုအတူတူနေတာဆိုပဲ ။
နှစ်ယောက်သားကလည်း ဘယ်လောက်တောင်ရင်းနှီးနေသလဲဆိုတာ မျက်မြင်တွေ့လိုက်ရပြီ ။

ရှေ့လက မောင်တစ်ယောက်ထဲနေသည့် ကွန်ဒိုကိုလာပြီးဟင်းချက်ပေး၊ အိမ်ရှင်းပေးတာမျိုးလုပ်ဖြစ်သည်။ မောင်ကလည်း အိမ်ကိုမကြာခဏပြန်လာတတ်ပေမည့် ဒီရက်ပိုင်းထဲအလာကျဲသွားသည်။ မောင့်မေမေက သူ့သားလေး ဒီရက်ပိုင်းထဲအလုပ်ရှုပ်နေလား သွားကြည့်ပေးပါအုံးဆိုပြီး ပြောလာသဖြင့် ထွက်လာခဲ့ခြင်းဖြစ်၏။ တံခါးဖွင့်လို့ရမယ့် ပါ့စ်ဝါ့ဒ်ဆိုလားဘာလား နံပါတ်တွေပြောထားတာမို့ ဒီတိုင်းဖွင့်ဝင်လာခဲ့မိတာနဲ့ ခုလိုတွေ တွေ့လိုက်ရတာပဲ ။

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now