Part - 6 ( Uni+Zaw)

199 12 2
                                    

Part - 6

                 

ညက ဧည့်ခန်းထဲမှာငုတ်တုတ်ထိုင်အိပ်ခဲ့ရပေမည့် အိပ်ရာနိုးလာတော့ အဲကွန်းဖွင့်ထားသည့်အခန်းထဲ နွေးထွေးစွာဖြင့်နိုးထလာရသည်။ အိပ်ချင်နေသေးသော်လည်း မျက်စိကို အားယူပြီးဖွင့်ကြည့်လိုက်မိ၏။

" ဘုရားရေ!  ငါဘယ်လိုကြီးအိပ်နေမိတာလဲ "

အိပ်ပျော်နေရင် တော်ယုံနဲ့မနိုးတတ်သည့်ကိုယ်က အိပ်ခန်းထဲဘယ်အချိန်ပြန်ရောက်နေလဲဆိုတာကိုမသိပါ။ ရဲရင့်ရဲ့ ရင်ခွင်ထဲနစ်မြုပ်နေသည့်ကိုယ်က သူ့ခါးတွေကိုပင်ဖက်ထားမိ၏။ရဲရင့်၏လက်မောင်းကိုခေါင်းအုံးထားပြီး ထိုလက်ဖြင့်ပင် ကိုယ့်ကိုသိုင်း
ဖက်ထားခြင်းခံရသည်။ သူ့လက်တစ်ဖက်ကတော့
ကိုယ့်ကျောမှနေသိုင်းဖက်ထားပြီး ခြေထောက်တွေကိုလည်း ဖက်လုံးဖက်သလို ကိုယ့်ကိုသိုင်းတင် ထားသေးသည်။

အေးလွန်းသည့်အခန်းထဲ ချွေးတွေပြန်လာရတော့သည်။ရဲရင့်သာနိုးလာမည်ဆိုလျှင် ရှက်လွန်းလို့သေသွားနိုင်၏။ ကိုယ့်အပေါ်ဖက်ထားသည့် လက်တွေနဲ့ခြေထောက်ကို ဖြေးဖြေးချင်းဖယ်ချရသည်။ ပြီးမှ
ရေချိုးခန်းဆီပြေးဝင်မိတော့၏။

မောင်မသိလိုက်တာတစ်ခုက အိပ်နေတဲ့ကိုယ်တော် သည် ပြုံးစစမျက်နှာနဲ့ဆိုတာကိုပါ။ ရေချိုးခန်းထဲမှပြန်ထွက်လာတော့ ကုတင်ပေါ်မှာထိုင်နေသူကိုမြင်လိုက်ရတာ၏။

" နိုးပြီလား  ကိုယ်ဒီနေ့ရုံးကိုစောစောသွားရမယ်။ မနက်စာ ဘာစားမှာလဲ ။အောက်ထပ်ဆိုင်ကနေ မှာပေးခဲ့မယ် "

" ကျွန်တော် စာမေးပွြဲပန်ဖြေတော့မယ် "

မမျှော်လင့်ထားသည့်အဖြေစကားမို့ ကုတင်အနာကို ကပ်သွားရင်း

" မင်း ဘာပြောလိုက်တယ် "

" စာမေးပွဲပြန်ဖြေပါမယ်ဆို "

" တကယ်နော်ရဲရင့်  မနောက်နဲ့ "

" ကျွန်တော့်ရုပ်က နောက်ပြောင်နေတဲ့ရုပ်ပေါက်နေလို့လား "

" အဲလိုသဘောမျိုးမဟုတ်ပါဘူး  ကိုယ်ဝမ်းသာလို့ပါ ။ အန်ကယ်ဆို ဘယ်လောက်ဝမ်းသာလိုက်မလဲ "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now