Part - 16 ( Uni+Zaw )

380 15 7
                                    


Part - 16

              

စာမေးပွဲတွေပြီးသွားတဲ့အချိန် ကိုယ်ကအားနေပေ
မည့် ကိုကိုတစ်ယောက်မှာတော့ အလုပ်ရှုပ်နေလို့ ညဘက်တွေမှာ အတော်ညဥ့်နက်မှ အိမ်ပြန်ရောက်လာတတ်သည်။ စာမေးပွဲနောက်ဆုံးနေ့တွင် ကားတစ်စီးသည် ကိုယ်ရပ်နေသည့်နေရာသို့ မတော်တဆဖြစ်ပြီးထိုးဝင်လာတာကြောင့် အမြန်ရှောင်လိုက်ရသည့်အခါ ခြေဆစ်ခေါက်သွားပြီးလမ်းလျှောက်လို့သိပ်မကောင်းသေး။

ကိုကိုလည်း  ဒီရက်ပိုင်းထဲမျက်နှာမကောင်းဖြစ်နေတာကို သတိထားမိပြီး အလုပ်ပင်ပန်းလို့များလားဆိုပြီးတွေးနေမိသည်။ အခုလည်း အလုပ်ကပြန်ရောက်လာတာနဲ့ ရေချိုးပြီး အခန်းထဲမှ ထွက်မလာသေးလို့ ကိုယ်ဝင်ကြည့်လိုက်တဲ့အချိန် ကုတင်မှာထိုင်နေလေသည်။

" ကိုကို  ထမင်းမစားသေးဘူးလား "

ကိုကိုက ဘာမှပြန်မဖြေဘဲ  သူ့လက်ထဲမှာကိုင်ထားတဲ့စာရွက် တချို့ကိုလှမ်းပေးလိုက်ရင်း

" ဒီမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေ "

" ဘာစာရွက်တွေလဲ ကိုကို "

" မင်း ဂျပန်ကိုသွားဖို့ ပြင်ပေးထားတာ "

ပြန်ဖြေလိုက်တဲ့စကားဟာ ကိုယ်လုံးဝမျှော်လင့်မထားတဲ့အဖြေမို့ တကယ်လန့်သွားရလေသည်။

" ဘာ! ဘာလို့ဂျပန်သွားရမှာလဲ အစကပြောတော့ အောင် စာရင်းထွက်ပြီးမှသွားရမှာဆို "

" သွားရမဲ့အတူတူ အခုထဲကသွားလိုက်တော့။ ဟိုရောက်တာနဲ့ သင်တန်းတက်ဖို့ရော အောင်စာရင်းထွက်ပြီးရင် ကျောင်းဆက်တက်ဖို့ရော အကုန်လုံးစီစဉ်ထားပြီးပြီ "

" ကိုကို ဘာတွေလုပ်နေတာလဲဗျာ ။ဘာလို့အလျင်လိုနေရတာလဲ။ ကျွန်တော် ကိုကိုနဲ့ခွဲဖို့ အဆင်သင့်မဖြစ်သေးဘူးလေ "

" အဆင်သင့်မဖြစ်လဲ ငါသွားဆိုသွားလိုက်လေ "

လေသံမာမာနဲ့ အတည်ပြောနဲ့သူကြောင့် ရဲရင့်မျက်ရည်ပင်ကျလာရတော့သည်။ အသည်းမာသူမှာတော့ ကိုယ့်ကိုဘာမှပင်ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ အဝေးကိုလွှတ်နေလေပြီ။ ကိုယ့်အတွက်အားကိုးစရာရင်ခွင်ထဲကို ကလေးတစ်ယောက်လိုတိုးဝင်ပြီး မျက်ရည်တွေနှင့်တောင်းပန်စကားကိုသာဆိုနေမိတော့၏။

You've reached the end of published parts.

⏰ Last updated: Apr 10 ⏰

Add this story to your Library to get notified about new parts!

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now