Part - 12 ( Uni+Zaw )

303 16 1
                                    

Part -12
  
                     

ရင်ဘက်ကိုလာထိတွေ့နေသောလေတို့သည် ပူနွေးနေတာကြောင့် ရင်ခွင်ထဲအိပ်ပျော်နေသူ၏
နဖူးလေးကိုစမ်းကြည့်သည့် အခါ ကိုယ်တွေပူနေ
လေပြီ။ မျက်နှာတစ်ခုလုံးအစ်မို့နေပြီးချွေးတွေလည်းစိုရွှဲနေ၏။ ညကကိစ္စကြောင့် နေမကောင်းဖြစ်နိုင်တယ်တွေးထားပေမည့် ဒီလောက်အထိ ဖြစ်မယ်လို့တော့ ထင်မထားမိချေ။

ဆေးခန်းခေါ်သွားဖို့လည်း အဆင်မပြေတာကြောင့် အရင်ဆုံးကြီးမြဆီဖုန်းဆက်ပြီး ကိုကိုနေမကောင်းဖြစ်နေတာမို့ သူစားဖို့ တစ်ခုခုလေးလာပို့ပါလို့ပြောလိုက်သည်။ ဆရာဝန်ခေါ်မှအဆင်ပြေမှာမို့ ကိုကို့သူငယ်ချင်းကိုပိုင်ဇကိုသာ သတိတရဖုန်းဆက်လိုက်၏။

ကိုကိုနဲ့ပတ်သက်ပြီး စုံစမ်းထားသည့်အကြောင်းများထဲတွင်ကိုကိုရယ် ၊ ကိုပိုင်ဇေရယ်နှင့် မနှောင်းရိပ်ချိုတို့သည်အထက်တန်းမှတက္ကသိုလ်တက်တဲ့အထိ သူငယ်ချင်းတွေဖြစ်ခဲ့တာ၊ ကိုကိုတစ်ယောက် မနှောင်းရိပ်အပေါ်မရိုးသားခဲ့ပေမည့် တစ်ဖက်ကတော့ သူငယ်ချင်းသုံးယောက်ထဲ အချို့တဲ့ဆုံးဖြစ်သည့်ကိုကို့ကို စိတ်မဝင်စားခဲ့ပဲ အထူးကုဆရာဝန်ကြီးတွေရဲ့တစ်ဦးတည်းသောသား ကိုပိုင်ဇေကိုသာအရေးပေးခဲ့ကြောင်း၊အထက်တန်းပြီးချိန်တွင် ကိုပိုင်ဇေက ဆေးတက္ကသိုလ်ရောက်သွားပြီး ကိုကိုနဲ့မနှောင်းရိပ် ကတော့ စီးပွားရေးတက္ကသိုလ်အတူတက်တာ၊ ဆေးပထမနှစ်မှာပင် ကိုပိုင်ဇေက သူနှင့်အတန်းတူဆေးကျောင်းသူလေးနဲ့ချစ်သူဖြစ်ခဲ့တာ စသည့်အကြောင်း
တွေကိုသိခွင့်ရလိုက်သည်။

ထို့ပြင် ကိုပိုင်ဇေက သူ့အတွက်ညီအစ်ကိုလိုခင်မင်ရသည့် ကိုကို့အပေါ် လိုသုံးလိုသဘောထားနေသည့် မနှောင်းရိပ်ကိုသဘောမကျချေ။ သူငယ်ချင်းသံယောဇဉ်ကြောင့် ဘာမှအများကြီးဝင်မပြောပေမည့် တစ်ခါတစ်လေတော့ စကားများကြတယ်တဲ့။ မနှောင်းရိပ်ကို သဘောမကျသည့်ကိုပိုင်ဇေ့ကို အဆင်ပြေအောင်ပေါင်းပြီး ကိုယ့်လူလုပ်ထားနိုင်ရင် အရှုံးမရှိနိုင်ဘူးပေါ့ ။

ကိုကိုဖုန်းကိုယူလိုက်ပြီး ကိုပိုင်ဇေကိုဖုန်းခေါ်လိုက် သည် ။ ဖုန်းဝင်သွားတာနဲ့

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now