Part - 9 ( Uni +Zaw )

180 9 1
                                    

Part - 9

                 

" မနှောင်းရိပ် စောစောစီးစီး ဘာလာလုပ်တာလဲ   "

အနှောက်အယှက်လာပေးသူကို အားနာမနေဘဲ ဒဲ့မေးလိုက်တော့ ကိုကိုကအနားကိုရောက်လာပြီး ကိုယ့်လက်မောင်းကိုမသိမသာလာဆွဲသည်။ ကိုယ်တစ်ခုခုပြောလိုက်မှာကို စိုးရိမ်နေပုံရ၏။ သူ့ကိုက ကာဆီးကာဆီးဖြစ်နေတာ။ ရှေ့ရက်ကပြဿနာကို မေ့သွားပြီထင်တယ်။ စိတ်တိုတိုနဲ့ ဘာမှလည်းပြောမနေတော့ပဲ စားပွဲမှာဝင်ထိုင်နေလိုက်၏။ မနှောင်းရိပ်ကတော့ ဘာမှမသိသလို ချိုင့်ကိုဖွင့်ပြီး ပန်းကန်တွေထဲကို လှယ်ထည့်နေလေသည် ။

" အိမ်မှာ အလှူလုပ်တာ အုန်းနို့ခေါက်ဆွဲချက်တာနဲ့ မြတ်သောကိုသတိရသွားလို့ ။ အချိုပွဲကလဲ မြန်မာမုန့်အစုံဆိုတော့ မြတ်သောအကြိုက်တွေချည်းပဲလေ "

စလာပါပြီ ။ မြတ်သောမောင်, အကြောင်းကို သူသာသိ ၊ သူသာတတ်အထာတွေ ။

" မနှောင်းရိပ်က ကိုကို့အကြိုက်တွေကိုသိနေတာလား။ ကျွန်တော်တောင်မသိဘူး "

ကိုယ်ပြောလိုက်သည့်လေသံထဲမှာ မနာလိုခြင်းတွေပါတယ်ဆိုတာ ဘယ်သူမှမသိတောင် ကိုယ့်ဘာသာသိနေလေသည် ။

" မြတ်သောရဲ့အကြိုက်ဆုံးအစားအစာက အုန်းနို့ခေါက်ဆွဲလေ ။ မြန်မာမုန့်တွေဆိုလဲ အရမ်းကြိုက်တာ။  အကြိုက်ဆုံးမြန်မာမုန့်က ဆနွမ်းမကင်းပေါ့ ။အုန်းနို့ခေါက်ဆွဲတောင် နှောင်းရိပ်တို့အိမ်ကချက်တဲ့ အုန်းနို့ခေါက်ဆွဲကို အကြိုက်ဆုံး
တဲ့ "

" အော်! ဟုတ်လား "

" မြတ်သော, ကို အုန်းနို့ခေါက်ဆွဲလေးစားစေချင်လို့ စောစောလာပို့တာ ။ နှောင်းတောင် ဘာမှမစားခဲ့ရသေးဘူး "

ကိုယ်စားဖို့မုန့်ကိုလာပို့ပေးတဲ့သူက ဘာမှမစားခဲ့ရသေးဆိုတော့ မောင့် ,စိတ်ထဲအားနာရပြန်သည်။

" မုန့်တွေအများကြီးပဲဟာ နှောင်းလဲတစ်ခါထဲဝင်စားသွားလေ "

" အဲလိုစားလို့ရမလား "

" ရပါတယ် နှောင်းရဲ့ "

သောက်ကျိုးနည်း အစထဲက ဒီမှာစားဖို့အစီအစဉ်ရှိနေတဲ့ဟာကို ပလီပလာတွေလာပြောနေတယ် ။ကိုကို့ကို စိုက်ကြည့်နေလိုက်တဲ့အခါ သူ့ခမျာ မနေတတ်သလိုဖြစ်လာပြီး မျက်နှာတွေလည်ပင်းတွေကို လက်တွေနဲ့ပွတ်သပ်နေလေပြီ။

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now