Part - 7 ( Uni+Zaw)

267 16 2
                                    

Part - 7

          

                  

နှိုးစက်သံကြောင့်အိပ်ပျော်နေရာမှနိုးလာရပြီး အကျင့်ပါနေသည့်လက်တွေက တစ်စုံတစ်ယောက်ကို
လိုက်စမ်းနေမိ၏။ ဘယ်သူမှမရှိဘူးဆိုတာ သေချာတော့ အခန်းထဲဟိုဟိုဒီဒီရှာမိသည်။ရေချိုးခန်းထဲလဲမရှိ။ မနက်အိပ်ရာနိုးတိုင်း ကိုယ့်ရင်ခွင်ထဲမှာရှိနေသည့်လူကို အခုရှာမတွေ့တော့ ဘာကိုအလိုမကျ
မှန်းမသိ ။

ဒီနေ့ ဆရာတွေလာမှာမို့ ရေချိုးပြင်ဆင်ပြီး မနက်စာစားဖို့မီးဖိုခန်းထဲလာလိုက်သည်။ စားပွဲပေါ်မှာ အုပ်ဆောင်းသေးသေးလေးတွေနဲ့ အုပ်ထားတာအစီအရီ ။ အုပ်ဆောင်းလေးတစ်ခုပေါ်မှာ စာရွက်လေးတစ်ရွက် ကပ်ရက်သား ။ ယူကြည့်လိုက်တော့ ညီညာဝိုင်းစက်
နေသည့် လက်ရေးသေးသေးလေးတွေနှင့်စာတစ် ချို့။

📝 ဒီနေ့ ဧည့်သည်တွေနဲ့တွေ့စရာရှိလို့ အလုပ်ကိုစောစောသွားပြီ ။ ဆိုင်ကမနက်စာတွေပဲအမြဲစားနေရတော့ ငြီးငွေ့မှာစိုးတာနဲ့ မနက်စာပြင်ပေးခဲ့တယ် ။
နေ့လည်စာကို အောက်ကဆိုင်မှာ မှာထားပေးခဲ့လို့ စားခါနီးလာပို့ပေးလိမ့်မယ်နော် ။ စာထဲကိုအာရုံစိုက် ပါ ။ ညနေ စောစောပြန်လာဖြစ်ရင် စားချင်တာ
လိုက်ဝယ်ကျွေးမယ် ။ 📝

အဘိုးကြီးပေါက်စက ကိုယ်စာကောင်းကောင်းမသင် မှာစိုးလို့ အစားအသောက်တွေနဲ့ ဖားနေရှာတာ ။
မြတ်သောမောင်တို့က လူကသာကလေးလိုဖြစ်နေတာမဟုတ်ဘူး ။ စိတ်ကလည်း ကလေးသာသာရယ် ။

အုပ်ဆောင်းလေးတွေကိုလိုက်ဖွင့်ကြည့်လိုက်တော့ ထမင်းကြော်က သူကြော်နေသည့်ပုံစံအတိုင်း အရွက်တွေ ၊ အသားတွေ ၊ ကြက်အူချောင်း ၊ ဝက်အူချောင်းအစုံနဲ့ကြော်ပေးထားတာ စားချင့်စဖွယ် ။ နောက်ပြီးအပူခံမတ်ခွက်နဲ့ ကော်ဖီတစ်ခွက် ၊ ကြက်ဥ
ကြော် ၊သခွားသီးလေးကိုပါးပါးလှီးပြီး သံပရာရည်
စမ်းပေးထားသည့် အချဉ် ။ ကြည့်ရင်းနဲ့ ဗိုက်ထဲက
အသံတွေတောင်အစုံမြည့်လာတာမို့ အားရပါးရစားလိုက်မိတော့၏ ။

တစ်မနက်လုံးစာသင်ပြီး နေ့လည်ခဏနားနေတဲ့အချိန်

🎼 An Empty Street, An Empty House 🎼
🎼 A Hole Inside My Heart 🎼

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now