Part - 11 ( Uni+Zaw)

185 11 1
                                    

Part - 11

             

                    

အော်လိုက်သည့်အသံကြောင့် ကိုကို လန့်သွားမှာတော့သေချာသည် ။ မနေ့ကနှင့်ဒီတစ်နေ့လုံး ကိုယ့်ဖုန်းကိုမကိုင်တာကြောင့် ဘယ်လောက်စိတ်ပူနေမလဲတွေးမပေးဘူး။ကိုယ့်မှာတော့ ခဏလောက်လေးအဆက်အသွယ်မရယုံုဖြင့်
သူ့အပေါ် ဘယ်လောက်တွယ်ငြိနေမိပြီလည်းဆိုတာ နားလည်သွားရသည်။ သူမရှိဘဲ ခဏလေးတောင်မနေနိုင်တော့။သူ့ကိုပဲအချိန်ပြည့်လွမ်းမိနေသလောက် သူကတော့ ကုမ္ပဏီမှာမျက်နှာကောင်းလိုချင်နေသည်။ ဒေါ်နှင်းဆီရဲ့သားပီသစွာရာထူးအာဏာတွေလိုချင်နေရှာတာ ။

မနေ့ကသူအိမ်ပြန်မလာတော့ ထိုင်မရ ထမရ ။ ဖုန်းဆက်တော့လည်းမကိုင် ။ ဘယ်လိုမှနေလို့မရတဲ့အဆုံး သူငယ်ချင်းမြတ်သူရဲ့အစ်ကိုက YY Group လက်အောက်မှာရှိတဲ့ဆောက်လုပ်ရေးဘက်က GM ဆိုတာကို သတိရသွားပြီးမြတ်သူ၏အကူအညီဖြင့် GMကို ဖုန်းလှမ်းဆက်ပြီးမေးရသည်။

ကိုုကိုက သူ့မန်နေဂျာ ငွေကြေးအလွဲသုံးစားမှုဖြစ်လို့
အရမ်းအလုပ်ရှုပ်နေတယ်ပြောတာမို့ စိတ်အေးသွားပေမည့် ညတော့ပြန်လာမယ်ထင်ခဲ့ပြီး သူကြိုက်တဲ့ကော်ဖီခါးခါးတစ်ခွက်ဖျော်ပြီးစောင့်နေခဲ့မိသည် ။ သူပြန်မလာတော့ ကိုယ်လည်း တစ်ညလုံးငုတ်တုတ်မိုးလင်း ။

မနက်ရောက်တဲ့အထိဖုန်းမကိုင်တာကြောင့် ကျူရှင်တွေပါနားပြီး ကုမ္ပဏီရှေ့တွင်ရှိသည့်စားသောက်ဆိုင်မှာ တစ်နေကုန် သွားထိုင်နေမိသည့်အကြောင်းပြချက်က သူ့မျက်နှာလေးကိုမြင်ချင်လွန်းလို့သာဖြစ်သည်။ ညနေဘက် အလုပ် ဆင်းချိန်မှထွက်လာတဲ့သူ့နောက်ကို မသိမသာလိုက်သွားသည့်အခါမုန့်ဆိုင်ထဲဝင်သွားတာကိုတွေ့လိုက်ရ၏။ ကားရပ်ပြီးမုန့်ဆိုင်ထဲဝင်လိုက်သွားမိသည့်အချိန် ကိုကိုသည်ဒေါ်နှောင်းရိပ်နှင့်
အတူတူရှိနေကာ မုုန့်တွေပင်အတူရွေးနေကြသည့်မြင်ကွင်းသည့် ကိုယ့်ရင်ဝကိုစောင့်ကန်ခံလိုက်ရသလို ခံရခက်လှသည်။ ကိုယ်တစ်ယောက်ထဲကမ္ဘာပျက်နေချိန် သူကတော့သာယာစွာပင်ရှိနေ၏။

အိမ်မှာတော့ ကိုယ့်စကားကိုနားထောင်သလိုလိုနှင့် အပြင်မှာသာယာနေတာ ဘယ်အချိန်ထဲကလဲ ။ ကိုယ်ကေ-ာက်ရူးကြီးလား ။ ကိုယ့်မကောင်းကြောင်းပြောပြီး ဘယ်လောက်တောင် ဟားနေလိုက်ကြမလဲ ။

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawWhere stories live. Discover now