Part - 8 ( Uni + Zaw)

176 11 1
                                    

Part - 8


ညဘက်ပြဿနာဖြစ်ပြီး နောက်ကျမှအိပ်ရပေမည့် မနက်စောစောမှာပင်နိုးလာရသည်။ ကိုယ့်ရင်ခွင်ထဲ ကလေးတစ်ယောက်လိုပင် အပြစ်ကင်းသည့်မျက်နှာလေးဖြင့် အိပ်မောကျနေသူအားကြည့်နေမိရင်း ဒီလိုအေးချမ်းနေသည့်လူက ဘာလို့များပစ္စည်းဥစ္စာတွေကို မက်မောနေရတာလဲ။ ဒါမှမဟုတ်မိခင်ဖြစ်သူ၏ချယ်လှယ်မှုတွေကို နာခံနေရတာလားဆိုပြီးတွေးနေမိ၏။

တစ်အိမ်ထဲအတူနေခဲ့သည့်သုံးနှစ်လောက်အတွင်း ကိုကိုတစ်ယောက် စကားသံမာမာပြောတာကိုပင်မကြားခဲ့ရချေ။ ကိုယ်အမူအရာကအစ ညင်ညင်သာသာရှိလွန်းသည်။ ညအိပ်တိုင်းလည်း လှုပ်လှုပ်ရှားရှားမရှိ။ ငြိမ်သက်လွန်းသဖြင့် သစ်လုံးလေးချထားသလားတောင်ထင်ရသည်။ ကိုယ်နဲ့အတူနေမှာသာသူ့ဒေါသတွေခဏခဏထွက်ရခြင်းဖြစ်၏။ မထင်ထားတာတစ်ခုက လူကောင်သေးပေမည့် လက်သီးအားတော့ပြင်းလှသည်။

ဟိုဟိုဒီဒီတွေးနေတုန်းမှာပင် ရင်ခွင်ထဲကသစ်တုံးလေး လူးလွန့်လာတာမို့ မျက်လုံးအသာမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။ ပထမဆုံးကိုယ့်လက်တွေကို ဖြေးဖြေးချင်းဖယ်ချပြီးမှ အိပ်ရာထဖို့ပြင်နေ၏ ။ နောက်ကျောမှသိုင်းဖက်ရင်းအိပ်ရာပေါ်ဆွဲလှဲချလိုက်တာကြောင့်

" အမေ့! "

" ဟား!ဟား!ဟား!လန့်သွားသလား မောင်လူအေး ။
အစောကြီးရှိသေးတယ် ဘယ်ထပြေးဖို့်လဲ "

" ရုံးမသွားခင် မနက်စာပြင်ပေးခဲ့မလို့လေ "

" ဘယ်သူက အဲလိုတွေလုပ်ခိုင်းနေလို့လဲ "

" စာသင်ခါနီး ဘာမှမစားရမှာစိုးလို့ "

" ဝယ်စားလို့ရတယ်။ အပင်ပန်းမခံနဲ့ ။ ကိုကိုလဲတစ်နေကုန်ပင်ပန်းထားတာ မနက်ဖက်တော့အိပ်ရေးဝအောင်အိပ်"

" အင်းပါ မင်းမစားချင်ဘူးဆိုလဲ "

" ရော်! ဘယ်သူကမစားချင်ဘူးပြောနေလို့လဲ။ ကိုကိုချက်ကျွေးတာကို နေ့တိုင်းစားချင်တာပါနော်။ ဒါပေမဲ့လဲ ပင်ပန်းမှာစိုးတယ်လေဗျာ"

" ငါမပင်ပန်းပါဘူး "

" ဒီလောက်ချက်ကျွေးချင်နေရင် စနေ ၊ တနင်္ဂနွေပိတ်ရက်တွေမှာ ချက်ကျွေးနော် ။ ကျွန်တော်လဲဝိုင်းကူပေးမယ် ။ နော်ကိုကို "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawDonde viven las historias. Descúbrelo ahora