Part - 14 ( Uni +Zaw)

207 9 1
                                    


Part- 14

         

အလုပ်ထဲကို အန်ကယ်သိပ်မလာနိုင်တော့သည့်နောက်ပိုင်း ကိုယ်တိုင်ပင်ပန်းနေရပေမည့် သိပ်လည်းမညည်းရဲ ။ ရဲရင့်ရဲ့ စာမေးပွဲနီးနေတာကြောင့်
ကိုယ်ပင်ပန်းတာကို သူသိသွားရင် စိတ်မကောင်းဖြစ်နေမှာစိုးရသည်။ အလုပ်ဆင်းခါနီး ညနေဘက်မှာ ဖုန်းဝင်လာသည့်အသံကြောင့် ကြည့်လိုက်မိတော့
မေမေ့ဆီကဖြစ်နေတာကြောင့်

" ဟဲလို မေမေ "

" သား ညနေအလုပ်ပြန်ရင် အိမ်ဘက်လှည့်ဝင်လာလို့ရမလား "

" ရပါတယ် မေမေ "

" အဲဒါဆို မေမေ စောင့်နေမယ်နော် "

" ဟုတ်ကဲ့မေမေ သား ဘာဝယ်လာရအုံးမလဲ "

" ရတယ်သား  ဘာမှမဝယ်နဲ့တော့  ဒါပဲနော် "

" ဟုတ်ကဲ့ မေမေ "

ဖုန်းချသွားတာနဲ့ ရဲရင့်ဆီကို ဖုန်းခေါ်ရသည် ။ အိမ်ပြန်နောက်ကျရင် ကျေးဇူးရှင်လေးက မျှော်နေမှာသေချာတယ် ။

" ကိုကို ပြော "

" ကိုယ် ညနေအိမ်ပြန်နောက်ကျမယ် "

" အလုပ်မပြီးသေးလို့လား  "

" မဟုတ်ဘူး မေမေဖုန်းဆက်လို့ ဒီညနေအပြန်လှည့်ဝင်ခဲ့ပါဆိုလို့ "

" ကျွန်တော် ထမင်းစားဖို့စောင့်နေမယ် "

" အင်းပါ  အဲဒါဆို ဒါပဲနော် "

ညနေခြောက်နာရီခွဲ အိပ်ကိုရောက်တဲ့အချိန် အန်ကယ်နဲ့မေမေ ဧည့်ခန်းမှာထိုင်နေတာနဲ့

" အန်ကယ် သက်သာရဲ့လား "

" သက်သာတယ်သား။ သားရော အလုပ်တွေပင်ပန်းနေပြီ လား "

" မပင်ပန်းပါဘူးအန်ကယ် ။ အကုန်လုံးဝိုင်းကူညီကြပါတယ် ။ ဒါပေမဲ့ နောက်လလယ်လောက်မှာ ဂျပန် ကုမ္မဏီနဲ့တွဲလုပ်ထားတဲ့ Project အတွက် ပွဲတက်
စရာတွေရှိတယ် ။အဲဒီပွဲတွေကတော့ အန်ကယ်ကိုယ်တိုင်တက်မှ အဆင်ပြေမယ်ထင်တယ် "

" ဟုတ်တယ်သား အခုလဲ အဲကိစ္စပြောချင်လို့် သားကိုခေါ်လိုက်တာ ။ ပွဲအတွက် ကြားထဲမှာတစ်လခွဲလောက်အချိန်ရသေးတော့ အန်ကယ်နဲ့သားမေမေ
စင်ကာပူသွားမယ်လို့တွေးထားတယ်။ ဟိုကဆေးရုံနဲ့ကြိုချိတ်ပြီး အန်ကယ်လဲ Mediciam chake up လုပ် ။ လိုအပ်တော့လဲ ဟိုမှာနေပြီးဆေးကုမယ် ကွာ ။ ပွဲနားနီးရင်ပြန်လာမယ်ပေါ့ "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawUnde poveștirile trăiesc. Descoperă acum