Part - 4 ( Uni+Zaw)

212 15 2
                                    

Part - 4
                

ထမင်းစားပွဲမှာလူစုံနေတုန်း မောင်ပြောလိုက်သည့်စကားကြောင့် မေမေသည် မီးဝင်းဝင်းတောက်နေသည့်မျက်ဝန်းတွေနှင့် ကြည့်လာ၏။

" သားက အန်ကယ်နဲ့သားမေမေဆီမှာ ခွင့်တောင်းနေတာလား။ လုပ်မယ်လို့ဆုံးဖြတ်ပြီးလို့ အသိပေးနေတာလား "

" အမှန်တော့  ကျွန်တော်ဆုံးဖြတ်ပြီးသွားပါပြီ "

" ဆုံးဖြတ်ပြီးသွားလဲ မေမေတော့ ခွင့်မပြုနိုင်ဘူး။
အခြားနေရာမှာပြောင်းနေချင်တယ်ဆိုပြီး ဘာတွေအရူးထနေရပြန်တာလဲ ။ အိမ်ခွဲနေတယ်ဆိုတာ လွယ်တယ်မှတ်နေလား "

" ကျွန်တော် ကလေးမှမဟုတ်တာ မေမေရယ်"

" ကလေးမဟုတ်လို့ ခုလိုတွေပြောနေရတာပေါ့ ။
ကလေးသာဆို ရိုက်ပြီးပြောလိုက်ရင်ရပြီ "

" ဒါပေမဲ့ မေမေ  "

" ဒါပေမဲ့မနေနဲ့ တော်တော့ "

" နေပါဦး နှင်းဆီရယ်။ လူငယ်တွေဆိုတာ သူတို့အတွေးနဲ့လူကြီးတွေအတွေး မတူဘူး ။ သူတို့ဘာဖြစ်ချင်လဲသိအောင်လုပ်ရမှာပေါ့။ အခြားနိုင်ငံမှာဆိုလဲ အရွယ်ရောက်ပြီးသားကလေးတွေက သူတို့ဘဝသူတို့ဖန်တီးကြတာလေ"

ကိုယ့်ဘက်မှလိုက်ပြောပေးနေသည့်အန်ကယ်သည် ရဲရင့်ကို အခုလိုတွေနားလည်ပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုသည့်အတွေးဝင်လာမိပြန်၏ ။

" အို!  နှင်းဆီတော့ သားကို မျက်စိအောက်မှာပဲထားမယ် ။အခြားနေရာမှာထားဖို့ စိတ်ကိုမချဘူး "

" နိုင်ငံခြားသွားမှာမဟုတ်ဘူး ။ရန်ကုန်တစ်မြို့ထဲမှာပဲ မေမေတို့နဲ့အတူတူရှိနေမှာ ။အိမ်ခွဲနေချင်တယ်ဆိုတာလဲ လွတ်လွတ် လပ်လပ်နေချင်လို့ပါ ။ တွေ့ချင်တယ်ဆိုတာနဲ့ အခုလာ အခုရောက်နေတဲ့နေရာလေ "

" သားပြောတာ သဘာဝကျတယ်နှင်းဆီ ။သူလဲ အရွယ်ရောက်လာတော့ လွတ်လွတ်လပ်လပ်နေချင်မှာပေါ့ ။ ခွင့်ပြုပေးလိုက်ပါ "

" အင်းပေါ့လေ အစ်ကို့သား အိမ်ပေါ်ကဆင်းသွားတော့ ကျမသားကိုလဲ အိမ်မှာဘယ်နေစေချင်ပါ့မလဲ "

တွယ်ငြိခဲ့လေသော ( တွယ်ငြိခဲ့လေသော ) Uni+ZawDonde viven las historias. Descúbrelo ahora