Part.1

5.2K 357 20
                                    

မှောင်မိုက်နေသော ကောင်းကင်ယံထက် လျှပ်စီး
များသည် မိုးကြိုးမုန်တိုင်းအလား တဖျတ်ဖျတ်လင်းလက်လျက်ရှိနေပြီး မကြာခင်မှာ မိုးများပြင်းထန်စွာရွာသွန်းတော့မည်...

"အရသာရှိရဲ့လားသားလေး .. "

"ဟုတ် .. "

ဂျွန်ဆူဟာကသားဖြစ်သူ 11နှစ်အရွယ်
Jeon Jungkookကိုတယုတယနဲ့မေးလေ၏...

အိမ်ထောင်ရှင်မကောင်း ဂျွန်ဆူဟာသည် အိမ်မှုကိစ္စအ၀၀ကို သူမကိုယ်တိုင်ပင်လုပ်ကိုင်ရမှ စိတ်ကျေနပ်သူဖြစ်၏ ...အိမ်မှာခိုင်းမည့်သူတစ်ယောက်မှမထား..

အိမ်ထောင်ဦးစီးဖြစ်သူ ဂျွန်ဂျောင်ဆောကတော့
စားရင်းကနေနားထောင်နေသည်...မနက်လင်းတာနဲ့အလုပ်ကိုယ်စီနဲ့မို့ ညစာစားချိန်သာ မိသားစုကလေးဟာစီးစီးကားကားဖြစ်နေတတ်သည်...
ကိုယ်မိသားစုသည်သာအနွေးထွေးဆုံးပင် ..ကုမ္ပဏီဘယ်လောက်ပဲစိတ်ရှုပ်နေပါစေ မိသားစုမျက်နှာမြင်လိုက်ရတော့ရင်အေးသွားရသည် ..

ပြိုက်ဘက်ကုမ္ပဏီတစ်ခုက သူတို့Bright Companyကိုလိုက်ထိုးချနေတာ ..ဂျွန်ဂျောင်ဆောမှာ လုပ်ငန်းအကြီးစားလုပ်ငန်းသုံးခုလောက်ရှိသည်..စားသောက်ကုန်ကုမ္ပဏီဘက်က အစာအဆိပ်သင့်ဆိုပြီး လူအယောက်၆၀နီးပါးဆေးရုံတတ်လိုက်ရသည် ..ဘိုးဘွားတွေလက်ထက်ကနေ
လက်ဆင့်ကမ်း အမှားအယွင်းကင်းစွာဖြင့် လုပ်ကိုင်လာခဲ့တာ တစ်ဖက်ကထိုးချမှုကြောင့် ဘိုးဘွားတွေထူထောင်လာခဲ့သည့် လုပ်ငန်းသည် ဂုဏ်သိက္ခာရော
ကုမ္ပဏီပါ ရေစုန်မြောရတော့မည့်အဖြစ်
ရောက်နေတော့တာ ... အစိုးရဘက်က စစ်ဆေးနေပြီး ကုမ္ပဏီကိုပိတ်ခိုင်းဖို့ရာသာဦးတည်နေလျက် ..

ပိတ်ခိုင်းရင်တောင် ဂျွန်ဂျောင်ဆောစီးပွားရေးပျက်သွားမည်မဟုတ်ပေ .. ဘိုးဘွားဘိုင်ကြီးကြီးတတ်ချမ်းသာလာခဲ့တာပင် .. လူအများစုမကောင်းပြောလာကြတာခပ်များများဖြစ်လာသည်..
မကောင်းမှုမှန်သမျှလည်းတစ်ဖက်ခြမ်းမှာလုပ်ကိုင်တယ်လိုသတင်းကြားထားသည် ...နိုင်ငံရေးဘက်လည်းခြေဆန့်ချင်သူလို့လည်းသိရသည် ...

"သမီးမနက်ကျစာမေးပွဲရှိတယ်မဟုတ်လား .. "

"ရှိတယ်မာမီ .. "

Black Heart { Completed }Where stories live. Discover now