Part.3

3.2K 313 11
                                    

7နှစ်ကြာလေပြီးသောအခါ ...

Jungkookနှင့် Taehyungအထက်တန်း
နောက်ဆုံးနှစ်ဖြစ်သည် ...အမှတ်ကောင်းကောင်းနဲ့ဆိုလ်းတက္ကသိုလ်မှာတတ်ရောက်ချင်တာကြောင့်
စာအသဲအသန်ကြိုးစားနေရှာသည် ....

ည 11၀န်းကျင်ခန့်၌ Taehyungတစ်ယောက် Jungkookအခန်းတံခါးကိုခေါက်လိုက်သည် ...

ဒေါက်!

"Jeon ၀င်လာခဲ့မယ်နော် "

Jungkook အခန်းရှေ့ကနေ တိုးရှဲရှဲလေးဖြင့်အသံပြုပြီး လက်ကြီးနောက်ပစ်၍၀င်လာသည် ...

"အင်း "

Taehyungပြုံးစိစိဖြစ်နေတုန်းမှာပဲ ...

"ဘာပြောမို့လဲ "

ထိုသို့ပြောလိုက်ပြီးလျှင် သူလုပ်လက်စဖြစ်နေတဲ့
စာကိုဆက်လျက်ကြည့်နေလျက် ..

ကျွန်တော့်ကိုဆို အမြဲလျစ်လျူရှုတတ်တာ..Jungkookကအဲ့လိုမျိုးရယ်ပါ ..

"Jeonအတွက်လက်ဆောင် "

ဘူးလေးကိုjungkookဆီကမ်းလာ၏...

Jungkook မယူဘဲကြည့်နေဆဲပါပဲ ..

"နာရီလေးလေ Jeonနဲ့ဆိုသိပ်လိုက်မှာ .. "

Taehyung ပြောပြောဆိုဆိုနှင့်ပင် ဘူးထဲက
နာရီလေးကိုထုတ်၍ Jungkookလက်မှာပတ်ပေးလိုက်သည် ..
"ထင်တဲ့အတိုင်းပဲ နာရီလေးနဲ့လိုက်တယ် Jeon .. "

Jungkook နာရီလေးကို သဘောကျစွာ
ကြည့်နေလိုက်တွေးစစဖြင့် ...

"ပိုက်ဆံကုန်အောင် .. မင်း မစားရက်မသောက်ရက်နဲ့စု၀ယ်ထားတာမဟုတ်လား .. "

"အရမ်းပျော်နေတာ .. နာရီလေးတစ်လုံးရသွားလို့လေ ..တခြားသူ၀ယ်သွားမှာစိုးရိမ်နေခဲ့တာ .. "

Taehyungကိုသနားမိသွားသည် .. ကျောင်းမုန့်ဖိုးကို
ကုတ်ဖဲ့ကာစုနေရှာသည်..

Jungkookနဲ့နေခဲ့တာ နှစ်ဘယ်လောက်ပင်ကြာနေပါစေ jungkook ကစကားကို တစ်နေ့လုံးနေမှ
ဆယ်ခွန်းပြည့်အောင်မပြောပေ
မယ့်Taehyungကတော့ jungkookနားတကပ်ကပ်နဲ့ရှိနေတတ်ပါ၏ ...

jungkookက လျစ်လျူရှု့တယ်လို့ ထင်ရပေမယ့်
သူ မျက်၀န်းတွေသည် Taehyungအပေါ်ဂရုတစိုက်နှင့်ကြည့်နေတတ်မြဲ ... Taehyungကတော့ သတိထားမိဟန်မတူချေ ..

Black Heart { Completed }Where stories live. Discover now