Part.22

2.2K 227 22
                                    

Taehyung ကျောပြင်လေးအား သူ့ရင်ခွင်ထဲထည့်သိပ်ကာ ခါးပေါ်လက်တင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်
ပျော်နေသည် ...

Taehyungမျက်လုံးနှစ်လုံးဖွင့်လိုက်တာနှင့်
စူးကနဲနာကျင်မှုကို ခံစားလိုက်ရတာကြောင့် မျက်နှာကလေးရှုံ့မဲ့မဲ့လေးဖြစ်နေတော့တာပင် ...
နာကျင်ကျင်စွာဖြင့် သူ့ရင်ခွင်ထဲမှာ နိုးထခဲ့
ရပြန်သည် ...

သူ့လက်ကိုအသာဖယ်လိုက်ကာ ရင်ခွင်ထဲကဖယ်လိုက်တော့ အိပ်ရေးဆက်တဲ့သူကချက်ချင်းနိုးလာတော့တာ ..ကျွန်တော့်အားပေးအသွားမခံဘဲတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားသည် ...

Jungkookပေးထားတဲ့ ကိုက်ရာအမှတ်အသားများကလည်း ခရမ်းပုတ်ရောင်ဖြစ်နေပြီး နှုတ်ခမ်းတစ်
ခုလုံးက အကိုက်ရာများဖြင့် ပုံမှန်ထက်ပင်ပို၍ ဖူး
ကြွကြွလေးဖြစ်နေပါ၏ ...
" လက်ဖယ်ပေးဦး"

Taehyung အသံလေးကဖျော့တော့တော့နှင့်သာ ..

Taeပခုံးလေးကိုနှုတ်ခမ်းဖျာလေးဖြင့်
တစ်ချက်နမ်းလိုက်ပြီး ခပ်သင်းသင်းကျန်နေသော သူနဲ့ Tae ကိုယ်သင်းရနံ့ပေါင်းစပ်မှုကို သဘောကျ
မိသည်  ..

" ငါ့အသားမထိနဲ့လို့ပြောထားပြီးသားနော် "

" ဒီလိုလေးခဏနေပေးပါလား ခဏလေးပါ .. "

ညကတစ်ညလုံးငိုနေခဲ့တာတောင် jungkookလုံး၀
မကြည့်ခဲ့ဘဲ သူဆန္ဒအတိုင်းသာသွားခဲ့တာ ..
သူ့စိတ်ကျေနပ်မှုအတွက် ကျွန်တော့်ကို အသုံးချခဲ့တာပဲမဟုတ်ပါလား .. အပေါစားတစ်ယောက်လိုဆက်ဆံခဲ့ရတာ .. သူမကိုတော့ ဘယ်လောက်များပင်တန်ဖိုးထားလိုက်မလဲ ..

ငါတို့အတူတူ အိုမင်းသွားတဲ့အထိအတူတူရှိကြမယ်ဆိုတဲ့ မျှော်မှန်းချက်ကလည်းမျဥ်းပြိုင်လိုဆုံမှတ်
မရှိတော့ဘူးပဲ ..

နှလုံးသား ခါးသီးနာကျင်မှုနှင့်အတူ Taehyung
အသံမထွက်အောင် တသိမ့်သိမ့်ငိုကြွေးနေတော့သည် ..

ပခုံးလေးတုန်ခါနေတော့မှ Jungkook သတိထား
မိလေကာ taehyungကိုယ်လေးကို ပလက်လှန်လိုက်ပြီး အပေါ်ကနေ အုပ်မိုးလိုက်ကာ စိုးရိမ်သွားသောမျက်၀န်းတွေဖြင့်ကြည့်လာပြီး ပြောလာပါသည် ..

Black Heart { Completed }Where stories live. Discover now