Part.21

2.6K 216 10
                                    

ဒုံး!

အခန်းတံခါးကို ခြေထောက်နဲ့တစ်ချက်ပဲ
စောင့်ကန်လိုက်တော့ ပါးချပ်ချပ်တံခါးလွှာက
ပွင့်သွားတာနဲ့အတူ အံ့သြတကြီးကြောက်လန့်
တကြားဖြစ်နေရှာသော မျက်၀န်းတွေနဲ့အတူ taehyungလှည့်ကြည့်လာလေသည် ...

" Jun ..jungkook "

Jungkook ဘာစကားမှမပြောဘဲနှင့် သူ့ဆီခြေလှမ်းခပ်ဖြေးဖြေးလှမ်းလာတာတောင် သူကြောက်ပြီး နောက်ဆုတ်မိလိုက်တော့ မွေ့ရာပေါ်လက်ထောက်လျက်ပင်ကျသွားသည် ...

သူရဲ့ဒီလိုသွေးအေးအေးပုံစံဟာ သိပ်ကိုကြောက်စရာကောင်းလွန်းသည် ..ကြောက်လွန်းလို့ခေါင်း
တစ်ခုလုံးပါပြာခနဲ .. ကျွန်တော်ရှေ့လျှောက်တူနဲ့အတူရှိနေရတော့မည့် အဖြစ်ဆိုးဆိုးကို တွေးမိ
လိုက်ပြန်တော့ ရူးမတတ်ခံစားရတယ် .. သူ့နားမှာ ထပ်ရှိနေရင် နှလုံးသားအနာတရများစွာနဲ့ နာကျင်
ရုံသာရှိပါတော့၏...

Jungkookကို မြင်လိုက်တာနဲ့ တေစ္ဆသရဲတစ်ကောင်ကိုတွေ့လိုက်ရသလိုဖြစ်လို့နေသည်...

Jungkookကိုယ်ကိုကိုင်းလိုက်၍ အေးစက်
ခက်ထန်နေတဲ့ မျက်၀န်းတွေနဲ့Taehyung
ရင်ဆိုင်လိုက်ရတော့၏ ..

Taehyungလည်တိုင်ကို လက်တစ်ဖက်ဖြင့်ကိုင်တွယ်လိုက်ပြီး လက်မဖြင့်ပတ်သတ်လိုက်သောအခါ လည်ပင်းသားခပ်ရဲရဲ
ဖြစ်ပေါ်လာ၏...

Jungkook ရဲ့အေးစက်နေတဲ့မျက်၀န်း
ကြောင့် taehyungကြောက်စိတ်များက ကျောထဲ
ထိစိမ့်တတ်လာပါ၏...ခေါင်းလေးအလိုလို ငုံ့မိကျသွားပြီးနောက် မျက်ရည်တစ်ပေါက်ပေါက်
ကျလာတော့တာ ..

" မငိုစမ်းနဲ့ .. ငါ့ဆီပြန်ရောက်မှာပဲဆိုတာ သိသိရက်နဲ့ ဘာလို့ထွက်ပြေးသွားတာလဲ .. ငါ့ကိုဘာကောင် ထင်လို့လဲ .. ဖြေစမ်း Humm "

Jungkook ဒေါသကိုမြိုသိပ်ထားပြီး အေးစက်
စက်ပြောနေတာကို ကြောက်စရာလိုပင်ဖြစ်နေ၏..

မျက်စိရှေ့ကTaeကဘာစကားမှမဟဘဲနဲ့ ပေကပ်ကပ်သာရှိနေတဲ့ပုံစံသည် ကျွန်တော့်ဒေါသ
အားလာဆွနေသယောင် ...

"ဘယ်သူကသတ္တိတွေမွေးပေးလိုက်တာလဲ ..ဖြေစမ်း အားသွားတာလား "

Black Heart { Completed }Where stories live. Discover now