Part.5

2.6K 255 16
                                    

Jeonနဲ့ကျွန်တော်ဟာ မေဂျာမတူပေ ..ကျွန်တော်ကဗိသုကာမေဂျာ Jeonကတော့ စီးပွားရေး
မေဂျာယူသည် ... အရင်တုန်းကတော့ ကျွန်တော်နှင့်အတူတူ ဗိသုကာမေဂျာဘဲယူမည်လို့
ပြောခဲ့ဖူးပေမယ့် စီးပွားရေးမေဂျာဘက်
ဘာလို့ရွေးချယ်သွားလဲဆိုတာကိုတော့ မသိရပါ...ထားပါလေ ဒါ Jeonရဲ့လွတ်လပ်ပိုင်ခွင့်ဖြစ်သလို Jeonရွေးချယ်ပိုင်ခွင့်ပါပဲရယ် ...

နှစ်ယောက်လုံးဘွဲ့ရပြီး ကုမ္ပဏီမှာ
အလုပ်၀င်လုပ်ပြီးပိုက်ဆံစုမိပြီးရင် ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီးအိမ်ကလေးတစ်လုံး
ဆောက်မယ်ပြီးရင် လက်ထပ်မည်ဟုစဥ်းစားထားသည် ...

"အတန်းပြီးရင်ကိုယ်လာခေါ်မယ် .. "

"Jeonဆီ Taeလာလည်မယ်နော် .. "

"မရဘူး လုံး၀ မလာရဘူးပဲ "

လေသံမာမာဖြင့်ပြောလာသောအခါ Taehyung
ကိုယ်လေးတွန့်ခနဲဖြစ်သွားသည် ..

Jungkook သတိပြုမိသွား၍ Taehyungလက်ကလေးနှစ်ဖက်ကို ကြင်ကြင်နာနာဆုတ်ကိုင်လိုက်ကာ taehyung မျက်၀န်းလေးထဲ စိုက်ကြည့်လာ၍ ..

"Taeကိုတခြားသူတွေကြည့်မှာ ကိုယ်မကြိုက်ဘူး
အဲ့တာကြောင့်ပြောနေရတာ .. ကိုယ့်စကားကိုနားထောင်ပါ Tae .. "

Taehyung ကြည်ကြည်ဖြူဖြူနှင့် ခေါင်းလေး
တဆက်ဆက်ညိမ့်ပြရှာတာ ..

"အတန်းမှာ ဘယ်သူနဲ့မှရောရောနှောနှောမနေနဲ့ .. "

"အော .. "

Jungkook စိတ်အလိုကျ နာခံနေမိလျက်သားပင် ..

အတန်းပြီးတော့ အတန်းရှေ့မှာသူ့ကို junkook
ရပ်စောင့်နေနှင့်ပြီ ..

"Jeon .. "

Jungkookဆီကို နာမည်လေးခေါ်ကာ လျှောက်လာသည့်Taehyung ...

"Taeဗိုက်ဆာနေပြီလား .. "

Taehyung နဖူးပေါ်ခပ်၀ဲ၀ဲကျလာသည့်
ဆံပင်ကိုတစ်ဖက်ကို သပ်တင်ပေးလိုက်ပြီး ..

"နည်းနည်းပေါ့ ဟီး .. "

ဖွေးဖြူနေသော သွားတန်းညီညီလေးစီပြကာ
ချစ်စဖွယ်ဆိုလာတော့တာ ...

"ဒါဆိုကန်တင်းသွားကြမယ် .. "

"အော .. "

Jungkook လက်ချောင်းတွေကြား Taehyungလက်ချောင်းလေးတွေသည် ယှက်သွယ်ဆုတ်ကိုင်၍ ဆာနေသော ဗိုက်ကိုဖြည့်တင်းဖို့
ကန်တင်းဆီသို့ ချီတတ်လာခဲ့သည် ...

Black Heart { Completed }Opowieści tętniące życiem. Odkryj je teraz