Part.2

3.1K 338 22
                                    

ည 11၀န်းကျင်ခန့် သဲသဲမဲမဲမိုးရွာနေတဲ့
မိုးရွာကြီးထဲ jungkook ခြေလှမ်းတို့သည် ဦးတည်ရာမဲ့လိုနေ၏ ... တွေတွေကြီးနှင့်ခေါင်းငိုက်စိုက်ကျနေပြီး အသက်လုကာပြေးလာရသည့်ခြေလှမ်းတွေသည်အားအင်မဲ့စွာ ..

ကားအဖြူလေးတစ်စီးသည် သူ့ဘဘေးနားထိုးရပ်လာကာ ထီးနဲ့အဒေါ်ကြီးတစ်ယောက်ပြာပြာနှင့်
ပြေးဆင်းလာသည်...

Jungkook ကိုလည်းထီးလုံအောင်ဆောင်းပေးလိုက်ရင်းကနေ ...

"ကလေးလေးတစ်ယောက်ထဲလား .. "

မိုးသံကြောင့် အသံကိုခပ်ကျယ်ကျယ်နှင့် Jungkookကြားသာအောင်ပြောနေသည် ..

Jungkook သည်ထိုအမျိုးသမီးအမေးကို
ဘာမှပြန်မပြောပဲ မျက်၀န်းတွေသည် ၀မ်းနည်းရိပ်သန်းစွာဖြင့် ကြည့်ပဲကြည့်လို့နေလေသည်...
မိုးမိထားတာ နာရီအတော်ကြာနေပြီမို့
မျက်နှာတစ်ခုလုံးပြာနှမ်းနေသည်..မျက်ရည်တွေသာကျလာပြီးအေးတာကြောင့်ရော ၀မ်းနည်းစိတ်ရောထွေးကာ တကုန်လုံးခိုက်ခိုက်တုန်၍
ငိုကြွေးတော့သည် ..

ဘာမှမပြောလာတဲ့ Jungkookကြောင် ကင်မ်မီနာထပ်မေးလာပြန်သည်..

"ဒါမှမဟုတ် ကလေးအိမ်မပြန်တတ်လို့လား .. "

Jungkook ခေါင်းလေးခါရမ်းပြလိုက်သည်..
ညကြီးမင်းကြီး မိုးတွေခြိမ့်ခြိမ့်သဲနေတာ ဒီကလေးဘာကြောင့် လမ်းမပေါ်မှာတစ်ယောက်ထဲရှိ
နေရတာလဲ ..ဒုက္ခများရောက်နေလို့လား ..မေးသမျှကိုလည်းဘာမှမပြန်မဖြေချေ ...

"ဒုက္ခပါပဲကွယ် .. မိုးတွေကလည်းအရမ်းရွာနေပဲ..
သားမိဘဖုန်းနံပါတ်ရှိလား .. ဒါမှမဟုတ်အိမ်ပြန်လိုက်ပို့ပေးရမလား .. "

"တစ်ယောက်မှမရှိတော့ဘူး .. "

တချို့ကလေးတွေသည် မိဘနဲ့မနေချင်
ပြန်ရင်လည်း အိမ်ကနေ ဒီလိုပဲခိုးခိုးထွက်ကျတာကို..

"သားဒုက္ခရောက်လာလို့လား .. "

ထိုသို့ပြောလိုက်တော့ခေါင်းတဆက်ဆက်ငြိမ့်ပြသည် ..

"ဒါဆို အန်တီနဲ့ဒယ်ဂူကိုလိုက်ခဲ့ပါ့လား .. သားဆန္ဒရှိမယ်ဆိုရင်ပေါ့ .."

Black Heart { Completed }Where stories live. Discover now