Part.4

2.9K 327 43
                                    

Jungkook အိမ်ထဲ မျက်လုံးတစ်ချက်၀ေ့၀ဲကာ
ရှာကြည့်လာပြီးလျှင် ...

"ဒေါ်လေး Taeရော .. "

"ဒီနေ့စတော်ဘယ်ရီတွေခူးရမှာမိုလို့
မြို့ထဲခဏလိုအပ်တာလေးတွေ သွား၀ယ်ခိုင်းလိုက်တာလေ..."

အရင်ဘယ်သွားသွား သူ့ကိုခေါ်လေ့ရှိတဲ့ Tae
ဟာ ဘာကြောင့်တစ်ယောက်ထဲ ထွက်သွားရတာလဲ..
တစ်ယောက်ထဲ သူ့ကို ဘယ်တုန်းကမျှ
စိတ်ချတယ်လို့မရှိခဲ့ ..Tae တခြားသော
သူတွေနဲ့ပတ်သတ်တာကိုလည်း နည်းနည်းလေးမှ
သဘောမကျသလို ကျွန်တော်သည် သ၀န်တိုတတ်သော သူတစ်ယောက်ဖြစ်သည် ...ပိုင်ဆိုင်လို
စိတ်ကြီးတဲ့သူမျိုး ... အခုလည်း ရင်တစ်ခုလုံး
ပူပင်းရှနေတာတဲ့ခံစားချက် ..

Jungkook စိတ်အလိုမကျဖြစ်သွားကာ မျက်မှောင်ကြုတ်သွားလျက် ..Taehyung
အပေါ်စိတ်ဆိုးသွားတာဖြစ်၏...
ကင်မ်မီနာသည် Jungkookကိုပြုံးစေ့စေ့နဲ့
ကြည့်လာပြီးလျှင် ...

"စိတ်ပူမနေပါနဲ့ ခဏနေပြန်လာတော့မယ့်ဟာကို .. "

Jungkookလက်မောင်းလေးကို အသာပုတ်သတ်ကာ စတော်ယ်ရီခြံထဲထွက်သွားသည် ...

ဒေါ်လေးက သူတို့နှစ်ယောက် ချစ်သူတွေ
ဖြစ်နေကြတာကိုသိပါ၏...ဒေါ်လေးကို မလိမ်ညာချင်တာကြောင့်လည်းပါတယ် ..လွတ်လွတ်လပ်လပ်နေသွားချင်လို့ နှစ်ဦးသဘောတူ ဖွင့်ပြောခဲ့ကြခြင်းဖြစ်သည်...

ဒေါ်လေးကလည်း နှစ်ယောက်လုံးကို ကြည်ကြည်ဖြူဖြူသာ လက်ခံထားသည် ..ဒေါ်လေးသဘောမတူဘူးဆိုရင်တောင် Jungkookဆိုတဲ့သူသည် ကြောက်ရွံ့ပြီး နောက်ဆုတ်သွားလ်ိမ့်မည်မဟုတ်ချေ .. ။

ကင်မ်မီနာထွက်သွားတော့မှ တောက်တစ်ချက်ခေါက်လိုက်မိသည် ..

"တောက် ! "

ကိုယ်မပါဘဲတစ်ယောက်ထဲသွားချင်နေတာကို..

Jungkook သည်ဒေါသကြီးပြီး
သွေးဆူလွယ်တတ်သောသူမျိုး ..

သိပ်မကြာခင် အိမ်ရှေ့မှာ ကားတစ်စီးထိုးရပ်လာ
ပြီး ထိုကားပေါ်မှTaehyung မျက်နှာလေးရှုံ့မဲ့ကာ ခြေထောက်ထေ့နဲ့ထေ့နဲ့ရယ် ဆင်းလာသည်...လူငယ်တစ်ယောက်သည် Taehyung ဘေးမှာကပ်လျက်ပါလာပြီး taehyung လက်ကိုထိကိုင်ထားသည် ...

Black Heart { Completed }Where stories live. Discover now