Part.12

2.3K 251 20
                                    

"Taehyung ဟိုမှာထိုင်နေတဲ့သူဆီ ဒီပါဆယ်
မုန့်ဘူးသွားပေးလိုက်ဦး "

"ဟုတ် "

အကိုမင်ဆူပြောတဲ့စားပွဲဆီ Taehyungခပ်သွက်သွက်လျှောက်သွားပြီးလျှင် ..

"ဒီကလူကြီးမင်းမှာထားတာလေး ရပါပြီခင်ဗျာ .. "

အသံချိုချိူလေးကနားထဲဖြတ်၀င်လာတော့
ဖုန်းကြည့်နေရင်းကပင် ဆက်ကနဲမော့ကြည့်လာ
သည့် ဂျုံမင် .. Taehyungပြောတာကို ဘာမှမပြောဘဲ သတိလွှတ်ကာငေးနေပြန်ပါ၏..

ဒီလောက်လှတာ .. ငါတောင် မှင်သက်သွားရတဲ့
အထိတောင်ပဲလား ..ရည်းစားတွေရှုပ်ပွေခဲ့တာတောင် ဒီလောက်လှတဲ့ သူမျိုးသူကို မတွေ့ဖူးခဲ့ပါ..ရင်ခုန်သလိုလိုတော့ရှိသည် .. တွဲခဲ့ရှုပ်ခဲ့သမျှ ရင်ခုန်လို့မဟုတ်ဘဲ ကိုယ့်ရဲ့စိတ်သာယာမှုတစ်ခုထဲအတွက်တာဖြစ်သည် ..

မိန်းကလေးတော်တော်များများကိုက သူ
ရှုပ်တာတွေသိရက်နဲ့ ၀င်တိုးခဲ့ကျတာ ..
အကြောင်းက သူရဲ့ချောမောတဲ့ရုပ်ရှည် နောက်ခံ background ကြောင့်ပါပဲ..မိန်းကလေးတိုင်းကို ချစ်တယ်လို့ သုံးနှုန်းတတ်တာက စကားအဖြစ်သာ
ရင်ထဲကလာ၍မဟုတ်ပါ .. တချို့သူ့ကို ကြည့်မရတဲ့မိန်းကလေးဆို သူဒုက္ခအမျိုးမျိုးပေးလေ့ရှိသည် ..

"ဒီမယ်ခင်ဗျ .. "

"အော "

"မှာထားတာလေးရပါပြီ ခင်ဗျ .. "

"နာမည်ဘယ်လိုခေါ်လဲ .. "

အကြောင်လာရိုက်နေမှန်းသိတာကြောင့် တမင်တကာ ပြန်ပြောပြတာ ..လူကိုကြည့်နေတာ များရွှန်းရွှန်းစားစားနဲ့ .. ၀တ်ထားတဲ့အနောက်တိုင်း
၀တ်စုံနဲ့တောင်မလိုက်ဖက် ကြောင်တောင်တောင်
ဖြစ်နေသလိုပဲ ...

"ဆိုင်ကိုလာတဲ့သူကို ဒီလိုပဲဆက်ဆံတာလား .. "

"တောင်းပန်ပါတယ် .. "

Taehyung အရိုအသေပြုပြီးထွက်လာခဲ့
လိုက်သည် ..

မင်းလေးနာမည်ကို သိအောင်လုပ်ပြမယ် ဘာခက်တာမှတ်လို့ .. ငါ့ကို ရင်ခုန်ရအောင်လုပ်နေသလားပဲ

မင်ဆူကအလုပ်လုပ်ရင်း အကဲခက်နေပုံရပါ၏..

"Taehyung ဟိုလူဘာတွေပြောနေတာလဲ .. "

Black Heart { Completed }Where stories live. Discover now